မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
(ကျောင်းသားတပ်မတော်)
သတင်းထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ ၄၀ မိနစ် တွင် ကွီးတာဥစခန်း ရန်သူ ခမရ ၂၀၅ အား မိမိ နှင့် DKBA ပူးပေါင်းအဖွဲ့ က တိုက်ခိုက်ရာ ရန်သူ အရာရှိ ၁ ဦး နှင့် တပ်သား ၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
၎င်းနေ့ ညနေ ၅ နာရီ အချိန်တွင် တောင်နီစခန်းထိုင် ရန်သူ ခမရ ၂၀၃ စစ်ကြောင်း ၁ မှ ဗိုလ်ကြီး ဝင်းသူ နှင့် အခြားအဆင့် ၁ ဦး သည် မိမိ ကျောင်းသားတပ်မတော် မှ ထောင်ထားသော နင်းမိုင်းကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၂၁ ရက်နေ့၊ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ် တွင် ဝါးမီထတောင်ခြေတွင် မိမိ နှင့် DKBA ပူးပေါင်းအဖွဲ့က ရန်သူအား ပြောက်ကျားပစ်ခတ်ခဲ့သည်။ ရန်သူ မည်သည့်အဖွဲ့ ဖြစ်ကြောင်း နှင့် ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု သတင်း စုံစမ်းဆဲဖြစ်သည်။
ယနေ့ ညနေ ၇ နာ၇ီ ၁၅ မိနစ် တွင် အထက်ပါတိုက်ပွဲများတွင် ဒဏ်ရာရရှိသော ရန်သူများအား ပြန်လည်ပို့ဆောင်သော လူနာပို့အဖွဲ့အား မိမိတို့ ပူးပေါင်းအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး လူနာကြိုအဖွဲ့ အင်အား ၁၀၀ ခန့် အား လက်နက်ငယ်များဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု စုံစမ်းဆဲဖြစ်သည်။
Saturday, October 22, 2011
ABSDF တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၁ အောက် ၂၀၁၁
ABSDF တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း
တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း
ရက်စွဲ။ ။ ၂၂ အောက်တိုဘာ ၂၀၁၁။
ယမန်နေ့ည ၇ နာရီ ၃၀ တွင် ရန်သူ လူနာပို့ နှင့် လူနာကြိုအဖွဲ့များအား ကွိတာအူး နှင့် သေ့ဘောဘိုးအကြားတွင် မိမိကျောင်းသားတပ်မတော် နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာတွင် ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ ၁၂ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၇ ဦး ရရှိခဲ့သည်။
ည ၈ နာရီ ၃၀ မိနစ်တွင် ၎င်း လူနာပို့ ယာဉ်တန်းအား သေဘောဘိုးအဝင်တွင် မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ဆီးကြိုတိုက်ခိုက်ရာ၊ ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ၊ မှူး ဗက ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တကက ၂ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၄ ဦး ရရှိခဲ့သည်။
မိမိဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)
Quote of the day
လူတယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက် ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲစားပြီးတော့ သေသွားပြီဆိုရင် ဘာလုပ်တော့မှာလဲ။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲဒီတော့ တကိုယ်ကောင်း မကြံကြပါနဲ့။ အများအတွက် လုပ်ကြပါ။ အများအကျိုးဆောင်တဲ့လူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။
ဒေါ်အောင်ဆန်းစုကြည်
(ကမာဝက် ၁၆-၁၂-၈၈)
ဒေါ်အောင်ဆန်းစုကြည်
(ကမာဝက် ၁၆-၁၂-၈၈)
သွားလည်ဖြစ်သော .. .....
-
ထင်းခုတ်စားကြတယ် - ထင်းခုတ်စားကြတယ် November 6, 2011 at 9:13am ထင်းခုတ်စားကြတယ်.. ဂေါ်ကီပြောသလို (ဂေါ်ကီ ရေးတဲ့ အမေဝတ္ထုထဲမှာလို့ ထင်တာပဲ) ထောင်ဆိုတာ အစိုးရက စေတနာ ဗလပွနဲ့ ဆေ...6 years ago
-
အလွမ်းသည် - အလွမ်းတွေ ထောင်းထောင်းထ ရွက်ဖောင်းလှေလို စိတ်ကူးတွေက ဦးတည်ရာမဲ့ ပြေးချသွားတယ်၊ ပုစဉ်းရင်ကွဲတကောင်လို ဒီသီချင်း တပုဒ်ထဲ ဆိုပြီးရင်းကို ထပ်ပြီးဆို။ ငါချစ်တာ သ...7 years ago
-
ဆစ်ဒနီက အထက်တန်းကျောင်း အားကစားသမားလေးနှစ်ဦး - ဆစ်ဒနီက Homebush Boys High School မှာ ဗမာကလေးဆိုလို့ သူတို့နှစ်မှာ သူတို့ နှစ်ယောက်ပဲ ရှိပါတယ်။ ဒီကလေးနှစ်ယောယက်စလုံးက အားကစားသမားတွေ ဖြစ်ပြီး ဆယ်တန်းနှစ်...8 years ago
-
အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။ - စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar's NLD Eyes Former General for President ) ...10 years ago
-
၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည်နေ့အတွက် ဒေါက်တာမြင့်ချို ပြောခဲ့သော မိန့်ခွန်း - အခမ်းအနားတခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းတခုဟာ အခမ်းအခမ်းပြီးသွားတာနဲ့ ပြောခဲ့တဲ့အချက်အလက်တွေက အခမ်းအနားတက်တဲ့ သူတွေနဲ့အတူ ကျန်ခဲ့ချင်မှ ကျန်ခဲ့မယ်။ အမျာြး...12 years ago