Wednesday, December 9, 2009
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် နှင့် လူ့  အခွင့်အရေးအတွက် Manly မှာ လမ်းလျှောက်ပွဲ
ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့ လူ့ အခွင့် အရေးကြေငြာစာတမ်း ကိုစတင်တဲ့နေ့ ကို ကမ္ဘာ့ လူ့ အခွင့်အရေးနေ့  အဖြစ်သတ်မှတ်ထားတဲ့ ဒီဇင်ဘာ လ (၁၀) ရက်နေ့ အထိမ်းအမှတ် အနေနဲ့  လူ့ အခွင့်အရေးအတွက် Manly မှာ လမ်းလျှောက်ပွဲတစ်ခုကိုကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
လမ်းလျှောက်ပွဲကို Manly Wharf ကအစပြုပြီး Manly Surf Club ဘက်အထိလျှောက်ပြီး လူထုစုဝေးပွဲတစ်ခု ပြုလုပ် မယ်ဖြစ်ပါတယ်။ ဒီပွဲကိုမြန်မာဒီမိုကရေစီအင်အားစုများအပါအ၀င်   Tibetans, Falun Gong, Nepalese နဲ့  Uyghurs အုပ်စုတွေပါဝင်ကြပြီး သူတို့ ရဲ့ ရိုးရာယဉ်ကျေးမှုအကများနဲ့ လည်းဖျော်ဖြေမှာဖြစ်ပါတယ်။
Date: Sunday December 13
Time: 1 - 3pm (assemble at Manly Wharf at 12pm)
Location: Manly Wharf and Corso (John Speight) Stage
Chrysler ads of Daw Aung San Suu Kyi
Monday, November 2, 2009
ဆစ်ဒနီ အော်ပရာဟောက်စ် က ဒေါ်စု လွတ်မြောက်ရေးလှုပ်ရှားမှု
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၇) ရက်နေ့က သြစတြေလျ နိုင်ငံ ဆစ်ဒနီ မြို့ ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ အော်ပရာဟောက်စ် မှာ "Stand for Freedom" ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခု ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို Janelle Saffin ဆိုတဲ့ အစိုးရအဖွဲ့ဝင်လွတ်တော်ကိုယ်စားလှယ်နဲ့ သြစတြေလျဝန်ကြီးချုပ် ရဲ့ ဇနီး Thérèse Reinဲ့ တို့ကဦးစီးပြီးကျင်းပခဲ့ကြတာဖြစ်ပါတယ်။
Photo courtesy of Ko Kyaw Hlaing.
Monday, October 26, 2009
The Arrest and Torture of an American in Burma (And Why You Never Heard of Him) -- Politics Daily
A leader of what came to be known as the 88 Students Generation, -- a pro-democracy movement inside Burma that held massive, student-led demonstrations in 1988, and ended with the killing of over 3,000 protestors at the hands of the military -- Kyaw Zaw Lwin was granted asylum in the U.S. in the wake of the uprising. He moved here in 1993, and became a citizen, relocating as Burmese exiles have to the Washington, DC area, where he became friends with my grandmother.
Some thirty years earlier, this is where she and my mother, also seeking refuge from the repressive Burmese military government, settled upon arrival in the States. As anyone in D.C. can tell you, Washington is a small town, and it is especially so if you are part of the community of Burmese exiles clustered in and around the Beltway. There is the local monastery where everyone pays his respects to the monks, there is the Asian grocery store where you can buy imported pickled tea leaves and smelly durian fruit, and the Burmese restaurant downtown that makes a decent noodle soup. There is also an activist exile network, populated by Burmese who have watched, helplessly for the most part, as their country and its people have been stomped into the ground by a regime intent on maintaining control of the country's rich natural resources at all costs.
The Arrest and Torture of an American in Burma (And Why You Never Heard of Him) -- Politics Daily
Tuesday, October 20, 2009
“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”
သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။
Min Ko Naing: Soe Tun's writing on MKN
Sunday, October 18, 2009
Living up to Oslo's great expectations
In 1991, when the Nobel Peace Prize committee announced the award of that year's Peace Prize to detained democracy leader Aung San Suu Kyi, people in Rangoon listened to the news on the BBC's Burmese service with jubilation. They saw the award as a resounding reproof to the Burmese regime.
Living up to Oslo's great expectations
Tuesday, October 13, 2009
နေ့စွဲပျောက်နေသော သက္ကရာဇ်များ
Monday, 12 October 2009 15:11 ခင်ငြိမ်းသစ်
နေ့စွဲပျောက်နေသော သက္ကရာဇ်များ: "ထောင်ဆိုတာ နံရံလေးဘက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရား ဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှုဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။"
အဲဒီ နေရာမှာ လူ ၃ မျိုး ရှိပါတယ်။ ပထမ တမျိုးက တကယ့် လူဆိုး လူမိုက်၊ ဒုတိယ တမျိုးက တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးကြောင့် ထောင်ထဲကို ရောက်နေရတဲ့လူတွေ၊ နောက် တမျိုးကတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့။
Monday, October 5, 2009
ဒေါင်းတမာန်များ ပျံသန်းမြိုင်မြိုင်ချီ
Dr Lun Swe's Travelogue                                                                                                                            
Wednesday, September 30, 2009
Elder of Burmese Opposition Grapples With Election Dissonance - NYTimes.com
Elder of Burmese Opposition Grapples With Election Dissonance - NYTimes.com
YANGON, Myanmar — U Win Tin, Myanmar’s longest-serving political prisoner, was tormented, tortured and beaten by his captors in the notorious Insein Prison for nearly two decades. Now, at 80, he faces a new kind of torment: watching colleagues from his political party decide whether to play ball with the junta that put him behind bars.
Saturday, September 26, 2009
အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း
အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း
ပြုံးပျော်နေကြတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီးကြီးတဦးက တည်ကြည်တဲ့ မျက်နှာထားနဲ့ ပတ်ဝန်းကျင် ကိုလည်း ဂရုမပြုဘဲ ပါးစပ်က တစုံတခုကို တတွတ်တွတ် ရွတ်ဆိုနေတယ်။ သေသေချာချာ နားထောင် ကြည့်လိုက်တော့ သူ့ရဲ့နှုတ်က ရွတ်ဆိုနေတာက မေတ္တာပို့ ဆုတောင်းသံပါ။
သူ့ရဲ့မျက်ဝန်းတွေက ဖျော့တော့နေပြီး အင်အားချိနဲ့နေပုံရပါတယ်။ အစိမ်းရောင် ကွက်ကျား နွမ်းဖတ်ဖတ် ချည်ထည်အင်္ကျီ လက်ရှည်ကို ၀တ်ဆင်ထားပြီး မျက်နှာက ဇရာရဲ့ ထုထောင်းမှုတွေကြောင့် အရေး အကြောင်းတွေ ထနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့် အကျဉ်းသားတွေထဲမှာ သူက အသက် အကြီးဆုံးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။
သူ့ရဲ့ အသက်က ၇၃ နှစ်ရှိနေပါပြီ။ ဒီလောက် အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အိုကြီး တယောက် ဘာပြစ်မှုကြောင့် ထောင်ဒဏ် ကျခံနေရတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံးက သိချင်နေကြတယ်။
တကယ်တော့ သူက သူလို၊ ငါလို သာမန် လူသားတဦးမဟုတ်ပါဘူး။ သီလရှင် ကြီးတပါးဖြစ်ပြီး စစ်အာဏာရှင် တွေကို ရဟန်းရှင်လူ ပြည်သူလူထု ပူးပေါင်းအာခံခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာ မတရား ဖမ်းဆီးခံရလို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူပါ။ သူ့ရဲ့ လူနာမည်က ဒေါ်ဆန်း ဖြစ်ပါတယ်။
ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်
ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။
အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။
Monday, August 31, 2009
၂၁ ကြိမ်မြောက် ၈-လေးလုံးလူထုအရေးတော်ပုံ
ကျွန်တော်တို့ ရှစ်လေးလုံး အခမ်းအနားကို ၈-၈-၂၀၀၉ မှာ Sydney မှာ လုပ်ခဲ့ကြပါတယ်။ သတင်း အပြည့်အစုံကို သိချင်ရင်တော့ မငယ်နိုင် ရဲ့ blog မှာသွားကြည့်လို့ ရပါတယ်။
Copyright © 2009 A Naing All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.