Monday, November 15, 2010
"အားမွေးထားကြပါ" နိုဝင်ဘာ ၁၄ ဒေါ်စု ရွှေဂုံတိုင် မိန့်ခွန်း အပြည့်အစုံ
"အားမွေးထားကြပါ" နိုဝင်ဘာ ၁၄ ဒေါ်စု ရွှေဂုံတိုင် မိန့်ခွန်း အပြည့်အစုံ
ကြားလား
ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)
ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ
(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)
လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။ ကျွန်မ အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ *သင်ယူရမယ်* ကျွန်မ ခဏ၊ ခဏ ပြောဖူးပါတယ်။ ကျွန်မတို့ လူငယ်တွေနဲ့ စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့ လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။
သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့ လုပ်စေလိုပါတယ်။ အဲလို ကျွန်မပြောတာဟာ မှန်ကန်တဲ့နည်းနဲ့ လုပ်ဖို့ ဘာဖြစ်လို့ လိုသလဲဆိုရင် သိပ်ပြီးတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီး၊ ဘာကြီး ဒီလိုပုံစံ ထွက်ချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့ နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့ ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။
အဲဒါကြောင့် မို့လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ ဒီတော့ တစ်ချို့က ကျွန်မကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကလည်း ပြည်သူရဲ့ အသံကို နားထောင်ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်းအော် နေတော့ ဘာတွေ ပြောကြမှန်း ကျွန်မမသိဘူး။ ပြည်သူတွေရဲ့ အသံတွေကို အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်နေတာ။
အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်
ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့ သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ကိစ္စမရှိဘူး မကြားရရင် ဆိုင်းဘုတ်ထောင်ပြီး ပြမယ်။
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် (အမှန်ခြစ်ပုံ) အောင်ဆန်းစုကြည်)
ကျွန်မတို့ အခု ပြည်သူတွေမှာ ပြည်သူတွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နားလည်နိုင်ပြီလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေ ပါမှပဲ ဘယ်ကိစ္စမဆို ပြီးပျောက်နိုင်တာမို့လို့ ကျွန်မတို့ တစ်တွေ ကျွန်မ စိတ်ကူးထဲမှာ ပြည်သူတွေ ကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလို စိတ်ဓာတ်နဲ့ ကျွန်မတို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါ ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။ ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့ ကြိုးစားမယ်။
အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျွန်မတို့ကိုလည်း ပြည်သူတွေက ကိုယ်လိုချင်တဲ့ ကိစ္စတွေ ဖြစ်မြောက် အောင်လို့ ကူညီရာရောက်ပါတယ်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။ အခု ကျွန်မထွက်လာတဲ့ အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့ ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့ ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ သိရအောင်။
(ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။)
တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ ထားရမှန်းမသိဘူး။ မကြားရဘူးဆိုတဲ့သူတွေကို စာသားနဲ့ ထောင်ပြမယ်။
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်)
ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ် တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့ ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။
(မှန်လိုက်တာကွ - ပရိတ်သတ်ထဲမှ အသံ)
ပန်းကပေးရင်လည်း ပေးလိုက်လေ ဘာလို့ကိုင်ထားတာလဲ။
ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။
ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့ စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ခြင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။ ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။ တစ်ယောက်ပြီး တစ်ယောက် မိုက်ပေးပြီးတော့ ပြောကြတော့။ အဲဒီလိုဆိုလည်း ပြီးမှာ မဟုတ်ဘူး။
ပြီးတော့ အဲဒီလိုပြောတာ တွေက ကျွန်မတော့ သဘောကျတယ်။ တစ်ယောက်ထဲ ထပြီး ပြောတာတွေက အင်မတန် ငြီးငွေ့စရာကောင်းတယ်။ ဟိုဘက် ပြန်ပြော။ ဒီဘက်က ပြန်ပြောဆိုတော့ ပိုပြီးတော့လည်း စုံတယ်။ပိုပြီးတော့လည်း အားလုံးအတွက် ပိုပြီးတော့လည်း အားလုံးအတွက် တန်ဖိုးရှိတယ်။တစ်ယောက်ထဲက ပြောတာကို ကျန်တဲ့သူတွေက နားထောင်နေရတာ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ နည်းနည်း ဒီမိုကရေစီ မကျလို့။ ကျွန်မတို့ သွားပြီးတော့ ဒီလူထဲက တစ်ယောက်ကို လက်ညှိုးထိုးပြပါမယ်။ ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောတော့။
(အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကြီးကို ရယူပိုင်ဆိုင် ချင်ပါတယ် ခင်ဗျား)
ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြား-- ဟိုဘက်က ဘာပြသနာရှိလဲ ကူညီလို့ရမလား။ အနောက်က တိုးနေလို့လား။
(စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။)
သိပ်ပြီးတော့ မလောကြပါနဲ့။ နောက်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး စကားတွေ ပြောဖို့ အခွင့်အရေးတွေ ပေါ်လာမှာပါ။
ဒီတစ်ခါတည်း နဲ့ မဟုတ်ပါဘူး။ နောင် အကြိမ်ကြိမ် အခါခါ ရှိမှာပါ။ အဲဒီကျရင် စိတ်ရှည် လက်ရှည်နဲ့ သီးခံပေးကြပါ။ ဒီတစ်ခါ မကြားရမှ နောင်တစ်ခါ ပြန်လာမှာပေါ့။ တော်ကြာ ပြန်မလာဘဲ နေမယ်။ ကြာကြာ ပြောလို့ရှိရင် ပြည်သူတွေလည်း ပင်ပန်းမယ်လို့ ကျွန်မထင်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့ ပင်ပန်းတာ။ အဲဒီတော့ တော်တော်ကို ကျင့်သားရနေပြီပေါ့။
တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။ ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။ ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။
အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ အဲတော့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲလိုပဲ အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်သွားရမှာ ဒီလောကကြီးမှာ ကျေနပ်စရာ၊ ကျေနပ်စရာ အချိန်တွေဆိုတာ ဘယ်တော့မှမရှိဘူး။ သို့သော်လည်း ကျွန်မတို့အတွက်တော့ ကျေနပ်စရာ အချိန်တွေ အတိုင်းအတာ တစ်ခုထိတော့ လိုကိုလိုတယ်။ အဲဒီလို ကျေနပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိရောက်ဖို့တော့ အားလုံး ဝိုင်းတွန်းကြရမယ်။ မကြိုးစားဘဲနဲ့ မရဘူး။ ကျွန်မအနေနဲ့တော့ ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့ ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။ ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ ဒီမိုကရေစီ မဟုတ်ဘူးနော်။
(ဟေး၊ ဟေး-------------------------------)
ကျွန်မ တစ်ယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ အများနဲ့ အတူလုပ်မှာ။ ကျွန်မတို့ အပေါ်မှာ ကြင်နာမှု ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်။ ကျွန်မတို့ အားလုံး အတူတူ လုပ်မယ်။ တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ ကျွန်မတို့ ပြည်သူတွေက မနက် မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရမယ် မဟုတ်လား။ ဒီသတ္တိတွေကို အကျိုးရှိအောင်လို့ သုံးကြမယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိအောင် သုံးရမယ်။ ကိုယ်တစ်ယောက်ထဲအတွက် စဉ်းစားဖို့ မဖြစ်ဘူး။ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။
ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး(ရယ်လျက်)။ ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး။
ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့ ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။ ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ဆရာတော်ကြီးတစ်ပါးက ကျွန်မ ခပ်ငယ်ငယ်တုန်းက ဟောခဲ့ တယ်။ ကျေးဇူးပြုတဲ့သူ ဆိုတာ ရှားတယ်တဲ့။ ကျေးဇူးကို သိတတ်တဲ့သူဆိုတာ ရှားတယ်ပေါ့။ ကျွန်မ အဲဒီတုန်းက ငယ်တာကိုး အဲဒီစကားကို သိပ်သဘောမတူချင်ဘူး။ ဘာလဲဆိုတော့ ဟုတ်ပါပြီ ကျေးဇူး ပြုနိုင်တဲ့ သူဆိုတာ ရှားတယ်ဆိုတာ ကျွန်မ လက်ခံတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို ကျေးဇူး ပြုတယ်ဆိုတာ လူတိုင်းကလည်း ဒီလောက်ထိလုပ်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးသိတတ်တဲ့ သူဟာ ရှားတယ် ဆိုတာ ကျွန်မ သိပ်ပြီး လက်မခံပါဘူး။
လူပဲ၊ လူပဲပေါ့ လူဖြစ်မှ ကျေးဇူးသိရမှာပေါ့။ မဟုတ်ဘူးကွာ ငြင်းတဲ့သူက ရှိတယ်။ ကျေးဇူးသိတယ် ဆိုတဲ့ အဓိပ္ပါယ်က နောက်ကျတော့ ရိုးရိုးလေးပဲ။ အချင်းချင်းကို တန်ဖိုးထားတတ်တာပဲ။ အချင်းချင်းကို တန်ဖိုးထား တတ်လိုက်ရင် --- ဟာ နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။----- ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊ နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက် အဆင်ပြေမှာ။ ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။
(သိချင်ပါတယ်။---------- )
သိတန်သရွေ့လည်း သိမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။
(ထောက်ခံပါတယ်။------------------)
ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့် စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။ စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်ဆိုတာ အခု ဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပြီ။
(ညီပါတယ်။--- ညီညွတ်ရေး၊ ညီညွတ်ရေး ------- )
ကျွန်မတို့ ဘာပဲလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် ပြည်သူကို အသိပေးပါ့မယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဒါ--- အဖွဲ့ဝင်တွေနဲ့လည်း တွေ့ပြီးတော့ သေသေချာချာ ပြောပြီးတော့ ဆွေးနွေးတာ မရှိဘူး။ ပြောပြီး ဆွေးနွေးပြီး ကျွန်မက အဖွဲ့ချုပ်တစ်ခုထဲနဲ့ လုပ်မှာ မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ကျွန်မတို့ ဒီမိုကရေစီ အတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူကလဲ အဲဒီထဲမှာ ဝင်ပါ ပေးစေချင်တယ်။ တစ်ခုခု လုပ်ပြီလို့ ဆုံးဖြတ်လိုက်လို့ရှိရင် ကျွန်မတို့ ပြည်သူကို ပြောပြမယ်။ ရှင်းပြမယ်။ တစ်ခါ တစ်လေ ဆိုရင် ပြည်သူက ကျွန်မတို့ လုပ်တဲ့ကိစ္စတွေကို ပြည်သူက သဘောမတူတာလည်း ရှိမယ်။ ဒါကတော့ ဒီလိုပဲ။ လူတိုင်းတော့ တစ်သဘောတည်း မဖြစ်နိုင်ဘူး။ အဲဒီသဘောမတူတာကို လက်ခံနိုင်တာ လည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။ ဒါပေမယ့်လည်း ကျွန်မတို့ ရှင်းပြမယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီလိုလုပ်ရသလဲ။
ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ ပြည်သူတွေရဲ့ နားလည်မှု ပြည်သူတွေရဲ့ ထောက်ခံမှု အဲဒါတွေကို ရယူပြီး တော့ ဆက်လုပ်သွားမယ်။ အခုချိန်မှာ တိတိကျကျ မပြောနိုင်တာကို ကျွန်မ တောင်းပန်ပါတယ်။ ဒီအချိန်မှာ အခုပဲ ထွက်လာပြီးတော့ ဒါလုပ်မယ်၊ ဒါလုပ်မယ်၊ ဒါလုပ်မယ် ပြောတာလည်း ဒါ မစဉ်းစား၊ မဆင်ခြင်ဘဲနဲ့ ပြောတဲ့စကားလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအချိုးအကွေ့မှာ ပြည်သူတွေရဲ့ အသံတွေကို အများကြီး ကြားချင်ပါတယ်။ အဲဒီအသံတွေကို နားထောင်ပြီးတော့ ရှေ့ခရီးကို ဘယ်လို ဆက်ပြီးတော့ သွားမလဲ ဆိုတာ။ သွားသင့်လဲ ဆိုတာ ကျွန်မတို့ ဆုံးဖြတ်မယ်။ ဒါပေမယ့် စောစောက ကျွန်မတို့ ပြောသလိုပဲ အရေးကြီးဆုံးဟာ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတို့ လုပ်မယ်။ ဒီမိုကရေစီလိုချင်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ လက်တွဲပြီး တော့ လုပ်မယ်။ နောက်ပြီးတော့ ကျွန်မတို့ဟာ ဒီကျွန်မတို့ နိုင်ငံမှာ ရင်ကြားစေ့ရေး အတွက် ကျွန်မတို့ လုပ် သွားမယ်။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။
သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။ ကျွန်မ ပြောချင်တယ်နော်။ ဟို အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။
(ကြိုက်တယ်၊ ကြိုက်တယ်----------)
ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့ မှတ်ထားကြမှ။ ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား။
(ပေးမယ်ဟေ့--- ပေးမယ်--------------)
------------ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။
နောက်ပြီးတော့ မှာပါရစေ။ မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ------------------ ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမယ်။ ကျွန်မက အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်တယ်။ ဒီနည်းကို သွားကို သွားရမယ် ဆိုတာ ကျွန်မယုံကြည်တယ်။ ထောက်ခံနေတဲ့ သူတွေရှေ့မှာ
(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)
ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ဒီလောကကြီးမှာ အလုပ် အများဆုံး
(လက်ခုပ်သံများ-----)
အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ ကဏ္ဍအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန် တစ်ယောက်ကို တစ်ယောက် ကောင်း ကောင်း မွန်မွန် ဆက်ဆံပြီး လုပ်ဆောင်သွားစေချင်တယ်။ အဲဒီလိုကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံ သလို ပြည်သူတွေအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တယ်။
(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)
ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး
(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)
ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။ ကိုယ် မကြိုက်လို့ အားလုံး မကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူး ပြောရင်လည်း စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ ။
(လက်ခုပ်သံများ မစဲ---)
လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မက လုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။ အခုလည်း ပြည်သူတွေကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။
(လက်ခုပ်သံများ ဆူညံလျက်)
သိက္ခာကို ထိန်းသိမ်းရမယ်။ အဲဒါကို ပြောတာ။ ပြည်သူတွေအတွက်ပဲ လုပ်ပေး၊ ပြည်သူတွေ အတွက်ပဲ လုပ်ပေးလို့။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ နိုင်ငံတိုးတက်မှာ။ ကျွန်မတို့ နိုင်ငံ မတိုးတက်လား။ တိုးတက်လားဆိုတာ။ ကျွန်မထက် ပြည်သူတွေ ပိုပြီးတော့ သိတယ်။ မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။
လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။
(ဟုတ်ပါတယ်။ ဟုတ်ပါတယ် -------------------)
ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။
(လက်ခုပ်သြဘာသံများ ဆူညံလျက်)
ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။ အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတ<><><><><><><><><>
(လက်ခုပ်သြဘာသံများ ဆူညံလျက်)
ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။ အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတိုင်ကို ရောက်အောင် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။ လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။ ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့ တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုချင်တယ်။ အားလုံး အမြန်ဆုံး လုပ်နိုင်ပါစေလို့ ကျွန်မတို့ ပြည်သူတွေက ဝိုင်းပြီး ---------
(လက်ခုပ်သံ သြဘာသံများ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသော အသံများ မစဲတော့ပေ။)
ပြီးပါပြီ။    ။
(မှတ်ချက်။    ။ ပရိသတ်များ၏ သြဘာသံများ၊ လက်ခုပ်သံများ၊ အသံကူးယူမှု ချို့ယွင်းချက်များကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင် အကျအပေါက်အချို့ ကျန်ရှိနိုင်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။)
The Voice Weekly Web Team (2:30 AM, Nov 15, 2010)
Interview with Aung San Suu Ky for BBC after release from house arrest
Tuesday, November 9, 2010
မြဝတီတိုက်ပွဲနှင့် ပတ်သက်၍ ကျောင်းသားတပ်မတော် သဘောထား ထုတ်ပြန်
ဗိုလ်မှူးကြီး စောလားပွယ် ခေါ် ဗိုလ် နှုတ်ခမ်းမွှေး ဦးစီးသော DKBA တပ်ဖွဲ့နှင့် နအဖ စစ်အုပ်စု အကြား ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ (ကျောင်းသားတပ်မတော်) ၏ သဘောထားအမြင်
ထုတ်ပြန်ကြေညာချက်
(၁) ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သော DKBA တပ်ဖွဲ့သည် စစ်အုပ်စု သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ စောဘဦးကြီး၏ မူ ၄ ချက် ကို အခိုင်အမာဆုတ်ကိုင်လျှက် အဖိနှိပ်ခံ ပြည်သူတရပ်လုံးကိုယ်စား တိုက်ပွဲဝင်မှုတစ်ခုဖြစ်သည်။
(၂) နအဖ စစ်အာဏာရှင်များ ရလိုက်သော ၂၀၁၀ ရွေးကောက်ပွဲ၏ ပွဲဦးထွက်ရလဒ်ဖြစ်ပြီး၊ ကိုယ်စီ သေနတ်မောင်းထိုးကာ နိုင်ငံရေးအရ မျက်ကွယ်ပြု အတုအယောင် အပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲ ရလာဒ်များပင်ဖြစ်သည်။
(၃) ယခုတိုက်ပွဲသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တရားသော စစ်ပွဲဖြစ်သဖြင့် စစ်အာဏာရှင်များအနေဖြင့် အမြစ်ပြတ်ခြေမှုန်းနိုင်မည်မဟုတ်ဟု အခိုင်အမာယုံကြည်သည်။
(၄) မိမိတို့ကျောင်းသားတပ်မတော်သည် ဘုံရန်သူစစ်အုပ်စုအား ဦးတည် တိုက်ပွဲဝင်နေသည့် ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သော DKBA တပ်ဖွဲ့ အပါအဝင် အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားနိုင်ရန် စုဖွဲ့မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း နှင့် လိုအပ်ပါက တိုက်ပွဲဝင်ရန် အသင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
ရက်စွဲ ၈ နိုဝင်ဘာ ၂၀၁၀။
“လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြရမဲ့အချိန်” (မောင်ချင့်ချိန်)
ဓာတ်ပုံ AP
နအဖစစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကတော့ အားလုံး တွက်ဆထားကြတဲ့အတိုင်း တရားမဲ့မှုများစွာနဲ့ ပြီးဆုံးသွားခဲ့ပြီ ၊ ပြည်သူကို လက်နက်နဲ့ ဖိနှိပ်ထားနိုင်နေပြီလို့ သွေးနထင်ရောက် ထင်ရာစိုင်းနေတဲ့ စစ်အုပ်စုက
သူတို့ရဲ့ တဘက်သတ် ရလာဒ်တွေကို မကြေငြာခင်မှာပဲ လက်နက်ကို လက်နက်ချင်းခုခံစစ်ကို ဗိုလ်နှုပ်ခမ်းမွှေးနဲ့ DKBA တပ်ဖွဲ့ဝင်တွေက ပြန်လည် စတင်လိုက်ပြီဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအပါအ၀င် ဗမာပြည်သူတွေ ၊ စစ်အာဏာရှင်ကို ရင်ဆိုင်ခဲ့ကြတဲ့ နည်းလမ်းမျိုးစုံမှာ အများစုက အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ရွေးချယ်ခဲ့ကြပါတယ် ၊ ငြိမ်းချမ်းစွာ လူထုတိုက်ပွဲနည်း ဆိုပြီး ရွေးကောက်ပွဲ(၁၉၉၀)၀င်တာ ၊ ပါတီတွေ ထောင်တာ ၊ ဖမ်းဆီးခံပစ်သတ်ခံပြီး ဆန္ဒပြလှုံ့စော်တာ ၊ စတဲ့နည်းလမ်းတွေနဲ့ လက်နက်မဲ့ တိုက်ပွဲဝင်ရေးကို ကြိုးစားခဲ့ကြသလို တချို့တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကလဲ ယာယီအပစ်ရပ် ၊ နားလည်မှု တည်ဆောက်တဲ့နည်းကို ငြိမ်းချမ်းရေးနည်းလမ်း အဖြစ် ဖြတ်သန်း ရပ်တည်ခဲ့ကြပါတယ် ။
အဲ့ဒီအတွက် ၁၉၄၈ ကာလထဲက လက်နက်ကိုင်တော်လှန်ရေးနည်းကို ကျင့်သုံးခဲ့တဲ့အဖွဲ့အစည်းတွေ ၊ ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း ပေါ်ပေါက်ခဲ့ရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အခက်ခဲမျိုးစုံ ၊ အချိုးကွေ့မျိုးစုံကြုံတွေ့ ခဲ့ရပါတော့တယ် ၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲမှာကိုက လက်နက်ကိုင် ရင်ဆိုင်ဖြေရှင်းတဲ့ နည်းထက်ညှိနှိုင်း အဖြေရှာတဲ့နည်းကို အသုံးပြုရေးဖြစ်လာတဲ့အခါ ဗမာပြည်အတွက် လက်နက်ကိုင်တော်လှန်ရေးနည်းမှာ အားလျော့စရာတွေ ဖြစ်လာခဲ့ပါတယ်။ လူတွေက နိုင်ငံရေးအပြောင်းအလဲတွေ ဖန်တီးဘို့ စဉ်းစားကြတဲ့အခါ ကမ္ဘာနိုင်ငံတွေရဲ့ ဖြစ်ခဲ့ဘူးတဲ့အခြေအနေတွေ ၊ ရလာဒ်တွေ ၊ လူပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ် စဉ်းစားတတ်ကြပါတယ် ၊ ဒီလိုနှိုင်းယှဉ်စဉ်းစားပြီး အဖြေထုတ် နည်းလမ်းရှာတဲ့နည်းဟာ တခြားနိုင်ငံတွေအတွက် မှန်ကောင်းမှန်မှာဖြစ်ပေမဲ့ ဗမာပြည်အတွက်ကတော့ မမှန်ခဲ့ဘူးဆိုတာ ဖြတ်သန်းခဲ့ပြီးတဲ့နှစ်တွေ ၊ ခုထိ အတိဒုက္ခရောက်နေတဲ့ ပြည်သူ တွေက သက်သေပြပြီးဖြစ်ပါလိမ့်မယ် ၊ ဘာကြောင့်လဲဆိုတော့ ဗမာပြည်ကစစ်အာဏာရှင်တွေက ဘယ်နိုင်ငံက ဘယ်သူနဲ့မှ မတူတဲ့ အင်မတန်ရက်စက်ယုတ်မာ ကောက်ကျစ် လူမဆန်သူတွေ ဖြစ်နေလို့ပါပဲ။
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမားဆိုသူတိုင်းက စာတွေဖတ်ကြတယ် ၊ ကမ္ဘာ့နိုင်ငံရေးတွေ ၊ သမိုင်းတွေ ၊ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို လေ့လာကြတယ် ၊ အဲဒီအတွက် (အများစု)စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲနည်းလမ်းရွေးချယ်မှုမှာ အမှားတွေဖြစ်လာရပါတော့တယ် ၊ ရန်သူ/အတိုက်အခံ မကွဲပြားတဲ့ အမြင်တွေ ဖြစ်လာပါတော့တယ် ၊ လက်နက်အားကိုးတန်ခိုးပြပြီး လူသတ်ပွဲနဲ့ အာဏာခိုင်မြဲအောင် လုပ်နေတဲ့သူတွေကို ရန်သူလို့ ပြတ်ပြတ်သားသား သတ်မှတ်ရမဲ့အစား တခြားနိုင်ငံက ပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဉ်ပြီး အတိုက်အခံလိုသဘောထားဆက်ဆံခဲ့ကြတယ် ၊ စစ်အုပ်စုကတော့ သူတို့ကိုဆန့်ကျင်ဖီဆန်သူတိုင်းကို ရန်သူလို့ ပြတ်ပြတ်သားသား သတ်မှတ်ပြီး နည်းလမ်းစုံနဲ့ ရက်ရက်စက်စက် ချေမှုန်းခဲ့တာချည်းဖြစ်ပါတယ် ။
ခံခဲ့ရပြီးတဲ့ ဖြစ်စဉ်များစွာနဲ့ ဖြတ်သန်းခဲ့ကြပြီးတဲ့ ကာလတွေအတွက် မေးခွန်းနှစ်ခုရှိပါတယ် ၊ ကိုယ့်ဘာသာ ဖြေကြည့် တွေးကြည့်ကြစေချင် ပါတယ် ၊
(၁)
ဗမာပြည်သူတစ်ရပ်လုံးနဲ့ ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူအားလုံး ရင်ဆိုင်ခဲ့ရတဲ့ ရင်ဆိုင်နေကြဆဲ စစ်အာဏာရှင်တွေက ကျွန်တော်တို့ရဲ့ ရန်သူလား အတိုက်အခံလား ၊
(၂)ရန်သူဆိုရင် ဘယ်လိုသဘောထားမလဲ အတိုက်အခံဆိုရင်ဘယ်လိုသဘောထားမလဲ၊
ကျွန်တော်ကတော့ ရန်သူလို့ သတ်မှတ်ပါတယ်... ၊ ပြည်သူတွေရဲ့ဆန္ဒကို သာမန် နည်းလမ်းတွေနဲ့ ဆန့်ကျင်ယုံမဟုတ်ပဲ ရဟန်းသံဃာမချန် ကလေးမိန်းမမချန် ကျောင်းသားမချန် ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ပစ်တဲ့အထိ ကျူးလွန်ခဲ့သူတွေမို့ ရန်သူလို့ပဲ သတ်မှတ်ပါတယ်၊ သူက ကိုယ့်ကို ရန်သူလိုသဘောထား ရက်ရက်စက်စက် နည်းတွေသုံးနေတာကို (သာမန် အားကစားပြိုင်ပွဲတခုလို မဟုတ်တဲ့အတွက်) ငြိမ်ခံမနေ နိုင်ပါဘူး ၊ အတိုက်အခံ အဆင့်ဆိုရင်သာ ယှဉ်ပြိုင်ရမှာပါ ၊ ရန်သူလို့ သဘောထားရင်တော့ ဘယ်လိုနည်းနဲ့နိုင်နိုင် အနိုင်ရအောင်ရင်ဆိုင် ရမှာပါ ၊ မျှမျှတတ ယှဉ်ပြိုင်နေဘို့ မလိုပါဘူး ၊ အဲဒီ ရန်သူ/အတိုက်အခံ အဖြေမကွဲပြားမှုကြောင့် စစ်အာဏာရှင်ကိုရင်ဆိုင်ဘို့ နည်းနာ လွဲချော်ခဲ့ကြတာလို့ ကျွန်တော် ရဲရဲပြောဝံ့ပါတယ်။
စစ်အာဏာရှင်တွေအပေါ် အမြင်မရှင်းမှု သို့မဟုတ် အမြင် မခိုင်မာမှုတွေကြောင့်ပဲ ငြိမ်းချမ်းစွာ အကြမ်းမဖက် တိုက်ပွဲဝင်ရေးနည်းကို တရားသေ ဆုတ်ကိုင်ထားကြသူတွေ၊ နာကျည်းစရာ ကြုံတုန်းခဏ လက်နက်ကိုင် ပြန်ချမယ်ဆိုသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပင်ပန်းဆင်းရဲမှုတွေကို ခါးသီးကြောက်လန့်လာသူတွေဟာ လက်နက်ကိုင်တော်လှန်ရေးကနေ
တဖြည်းဖြည်းသွေဖီလာကြပါတယ် ၊ တချို့က နိုင်ငံတကာအကူညီရရှိရေး ၊ တချို့က တတိယနိုင်ငံတွေထွက်ခွာရေး၊
တချို့ကရန်သူနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တချို့က စားပွဲဝိုင်းထိုင် ဆွေးနွေးနိုင်ရေးဆိုပြီး
လက်နက်ကိုင် လမ်းစဉ်ကို ရှောင်ခွာခဲ့ကြရာမှာ ရန်သူနဲ့ရန်ငါစည်း ယတိပြတ်သူတွေ ၊ လက်နက်ကိုင် လမ်းစဉ်ကိုသာ သက်ဝင် ယုံကြည်သူတွေကျန်ရစ်ပြီး ရန်သူရဲ့ အညှိုးတကြီး ချေမှုန်းမှုကို အလူးအလဲ ကာကွယ်နေခဲ့ရပါတယ်။ အဲဒီလိုနဲ့ ရန်သူ့ဘေး ကာကွယ်ရေးသာလုပ်နိုင်ပြီး ထိုးစစ်မဆင်နိုင်တဲ့ အခြေအနေပေါ်မှာ ကြာလေ လက်နက်ကိုင်လမ်းစဉ်ကနေ ဖယ်ခွာလေ ဖြစ်လာကြပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ် မှေးမှိန်သလို ဖြစ်နေခဲ့ရပါတယ်။
အနိုင်ကျင့်ဖိနှိပ်မှုကို ကျူးလွန်လိုစိတ် ရှိသူတွေဟာ လက်နက်ကိုပဲတန်ဘိုးထားတာဖြစ်ပါတယ် ၊ လက်နက်နဲ့အင်အားကိုအားကိုးပြီး
ဗိုလ်ကျ စိုးမိုးနေသူတွေက သူတို့ထက်သာတဲ့ အင်အားနဲ့ လက်နက်ရှိသူတွေကိုပဲ ကြောက်တာပါ ၊ လက်နက်ကိုင်လမ်းစဉ်မှာ လျှောက်လှမ်း နေသူတွေ လျော့နည်းလာတဲ့အပေါ် တဖြည်းဖြည်း ထင်ရာစိုင်းလာတာပါ ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အင်အားတောင့်ခဲ့တဲ့ ကာလတွေက နိုင်ငံရေးအခြေအနေ ၊ ရန်သူစစ်အုပ်စုရဲ့ အခြေအနေနဲ့ ၊ လက်နက်ကိုင်အင်အားစုတွေ ချည့်နဲ့လာတဲ့အချိန် ဖြစ်လာတဲ့ နိုင်ငံရေး အခြေအနေ ၊ ရန်သူ့သဘောထားတင်းမာမှု နှိုင်းယှဉ်ကြည့်ပါ ။
ဒီပဲယင်းလို ဥပဒေမဲ့မှုမျိုး ပြောင်ကျူးလွန်ခဲ့တယ် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့ လူထုတိုက်ပွဲ ဦးဆောင်သူတွေကို မတရားထောင် နှစ်ရှည်တွေချခဲ့တယ် ၊ ၂၀၀၇ စက်တင်ဘာလို ရဟန်း သံဃာတွေသတ်တာ ၊ ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်တာစတဲ့ အနိုင်ကျင့် မှုမျိုးတွေ ရဲရဲဝံ့ဝံ့လုပ်လာခဲ့တယ် ၊ ၁၉၉၀ ရွေးကောက်ပွဲကို ဥပေက္ခာပြုခဲ့တယ် ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒ ၊ ဘာသာ ၊ ဓလေ့ထုံးတမ်းတွေ ကိုတန်ဘိုးမထားခဲ့ဘူး ၊ ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို နာဂစ်လို လူသိန်းချီသေရတဲ့ မုန်တိုင်းဘေး သင့်ချိန်မှာတောင် အဓမ္မလုပ်ခဲ့တယ်၊ ခုနောက်ဆုံး ဘယ်သူဘာပြောနေနေ တိုင်းရင်းသားအပစ်ရပ်တွေ နယ်ခြားစောင့်တပ်ဖွဲ့ကိုဖွဲ့ရမယ်ဆိုတဲ့အမိန့်ပေးမှုမျိုး ၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို အာဏာတန်းလန်း စစ်ယူနီဖေါင်းချွတ်တွေနဲ့ ကြံ့ဖွတ်ပါတီဖွဲ့၊ အနိုင်ရရေး ထင်သလို လုပ်နေတာတွေဟာ လက်နက် ကိုင်အင်အားစုတွေ အားလျော့နေခဲ့လို့ပဲ ဖြစ်ပါတယ် ။ ဗမာပြည်စစ်အာဏာရှင်စနစ်ရဲ့ ဖခင်ကြီးနေ၀င်း လက်ထက် မှာတုံးကတောင် KNU ၊ ဗကပနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အားကောင်းခဲ့တော့
ဒီလောက် မရမ်းကားနိုင်ခဲ့ပါဘူး ။
စစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ် တည်မြဲရေး လုပ်ဆောင်ချက် အဆင့်ဆင့်ကို ဘယ်နိုင်ငံရေးခေါင်းဆောင် ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်း၊ ဘယ်နိုင်ငံရေး နည်းလမ်းကမှ မတားနိုင်ခဲ့ဘူး ၊ ဆိုးရွား စုတ်ပြတ် အောက်တန်းကျမှုမျိုးစုံနဲ့ အစိုးရနာမည်ခံထားတဲ့ ရာဇ၀တ်ကောင်တွေကို ကုလသမဂ္ဂကအသိမှတ်ပြုထားဆဲ ၊ အာဆီယံနိုင်ငံ အဖွဲ့ဝင်ဖြစ်နေဆဲပဲ ၊ စိုးရိမ်မကင်း စောင့်ကြည့် နေကြပါတယ်ဆိုတာထက် ပိုလာအောင် ဘယ်သူမှမလုပ်နိုင်ခဲ့ကြဘူး ၊ ဒီလိုနဲ့ ၂၂ နှစ်ကျော်ကြာခဲ့ပြီ ၊ ပြောင်ထင်သလို သတ်လို့ သေတဲ့သူတွေများပြီ ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ပြီးဖြစ်ဖြစ် ၊ အသိချို့တဲ့မှုကြောင့် ရောဂါဘယ ပိုးမွှား ကူးစက်ခံရတာတွေဖြစ်ဖြစ် မသေသင့်သေးပဲ သေခဲ့ရသူတွေများပြီ ၊ မပြည့်စုံမလောက်ငှတဲ့ ဘ၀တွေကြောင့် မပျက်ဆီးသင့်ပဲ ဆုံးရှုံးပျက်ဆီးခဲ့ရတဲ့ဘ၀တွေ များပြီ ၊ အဲဒီပြည်သူတွေအတွက် ဘယ်သူတွေက တာဝန်ခံမလဲ ၊ နောက်ရော ဘယ်လောက် ဘယ်ကာလထိ ဒီလိုဆက်ကြုံတွေ့ခံစားနေကြရဦးမလဲ ။ ဘယ်လို တိုက်ပွဲပဲ စဉ်းစားစဉ်းစား ပြည်သူတွေ လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဆိုးနဲ့ပဲ နှိုင်းယှဉ် စဉ်းစားကြသင့်ပါပြီ ။
အခုတော့ရှင်းတယ် ၊ အပစ်ရပ်ထားတယ်ဆိုတာ တကယ် တိုင်းရင်းသားတွေအပေါ်စေတနာမှန်လို့မဟုတ်ဘူး ၊ စစ်မျက်နှာ လျော့အောင် လို့ဆိုတာသိလာတဲ့ ၊ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းတာကို ခံနေရတဲ့ဘ၀ကို နာကျည်းလာတဲ့ ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကိုဥပေက္ခာပြုပြီး အနိုင်အထက်ပြု နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာကို လက်မခံတဲ့ ၊ ရွေးကောက်ပွဲကို မတရားသဖြင့် နည်းတွေနဲ့လုပ်ပြီး စစ်အာဏာ ခိုင်မြဲလာတာနဲ့အမျှ အပစ်ရပ် တိုင်းရင်းသားတွေကို နိုင်သထက်နိုင်လာမှာဆိုတာသိလာတဲ့ ၊ ဘယ်အချိန်မှာ ဘယ်လိုပြန်ခံချရ မလဲဆိုတာလဲ နားလည်သဘောပေါက်တဲ့ ဗိုလ်နှုပ်ခမ်းမွှေးနဲ့ DKBA တပ်ဖွဲ့ဝင်တွေက မြ၀တီမြို့သိမ်းတိုက်ပွဲနဲ့ အတူ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက် ဆန့်ကျင်တိုက်ခိုက် ပြလိုက်ပြီ ။
ဒီတိုက်ပွဲဟာ ပြည်သူတွေရင်ထဲမှာ ရှိနေတဲ့လိုလားမှုကို ဖေါ်ထုတ်ပြလိုက်တာဖြစ်တယ် ၊ ဘယ်ပြည်သူကမှ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ ရလာဒ်ကို စိတ်မ၀င်စားဘူး ၊ DKBA ရဲ့တိုက်ပွဲအခြေအနေကိုပဲ စိတ်ဝင်စားကြတယ် ၊ DKBA ရဲ့အောင်ပွဲကိုပဲ မျှော်လင့်နေကြတယ် ၊ KNU အပါအ၀င် ၊ ကျောင်းသားတပ်မတော်နဲ့ တခြားလက်နက်ကိုင် အင်အားစုအားလုံးကပါ နေရာတိုင်းက ၀ိုင်းတိုက်ကြဘို့ နှိုးစော်နေကြတယ် ၊ ဒါဟာလက်နက်ကိုင်တော်လှန်ရေးရဲ့ အလင်းရောင်ပါပဲ ၊ ရန်သူကို ရန်သူလိုသဘောထား တိုက်ကြရမယ်ဆိုတာ အသိတွေကို နှိုးဆွလိုက် တာပါပဲ ။
ဒီ၂၂နှစ်တာကာလမှာ လက်နက်ကိုင် အင်အားစုတွေရော ၊ ငြိမ်းချမ်းရေးနည်းဆိုသူတွေရောအားလုံးက NLDကိုဝိုင်းရံကြဆိုတာနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုတ်ကိုင် တိုက်ပွဲဝင်ကြလို့ ကြွေးကြော်ခဲ့ကြတယ် ၊ ခုတော့ ခေတ်သမိုင်းရဲ့တောင်းဆိုမှုက ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပြော ဝေဖန်နေစရာမလိုပဲ ငြင်းခုန်နေကြဘို့ မလိုတော့ပဲ
ကြေံးကြော်သံ ပြောင်းချိန်ရောက်ပြီလို့ ထင်ပါတယ် ၊ ကျွန်တော်တို့ အားလုံး တူညီပြောင်းသင့်တဲ့ ကြွေးကြော်သံက “ရရာလက်နက်ဆွဲကိုင်တိုက်ပွဲံဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ ”လို့ ။ မြို့တွေပေါ် သပိတ်တိုက်ပွဲတွေ ဆင်နွှဲတဲ့နည်း ၊ ပြည်သူလူထုကြားမှာ ရရာလက်နက်ဆွဲကိုင် ပြန်ခံချကြတော့ဘို့ လှုံ့စော်တဲ့နည်း ၊ တိုက်ပွဲ ၀င်နေတဲ့ ရဲဘော်တွေဆီကို ကျည်/ရိက္ခာသယ်ပို့ပေးတဲ့နည်း ၊ ထောက်ပို့ပစ္စည်း ကျည်/ရိက္ခာတွေ ရှာဖွေစုဆောင်းပေးတဲ့နည်း ၊ ကိုယ်တိုင် လက်နက်ကိုင်ပါဝင်တဲ့နည်း တနည်းနည်းနဲ့ စစ်အာဏာရှင် ဖြုတ်ချနိုင်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို ၀န်းရံကြရမဲ့အချိန် ရောက်ပါပြီ ။
“ရရာလက်နက်ဆွဲကိုင် တိုက်ပွဲံဝင်ကြ ၊ လက်နက်ကိုင် တော်လှန်ရေးကိုဝန်းရံကြ ” မြ၀တီမြို့တိုက်ပွဲဆင်နွှဲနေသော ဗိုလ်နှုပ်ခမ်းမွှေးနှင့် DKBA ရဲဘော်များ ဘုရားသုံးဆူမြို့အား တပြိုင်နက် ထိုးစစ်ဆင်နွှဲခဲ့သော KNU ရဲဘော်များ တိုက်ပွဲဝင်ရဲဘော်အားလုံးအား အလေးပြုပါသည် ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်
မောင်ချင့်ချိန်
Best regards
AN
Wednesday, October 6, 2010
အမှတ်တရ … မဆလ (သို့မဟုတ်) စက်တင်ဘာ မိုးရေ …
အမှတ်တရ … မဆလ (သို့မဟုတ်) စက်တင်ဘာ မိုးရေ …
မောင်မောင်စိုး
အောက်တိုဘာ ၆၊ ၂၀၁၀
၁။ ရှင်းလင်းချက်
စက်တင်ဘာလ ဆိုတာ အမှတ်တရများစွာ ပြည့်နှက်လို့နေတဲ့လ တလ ဖြစ်ပါတယ်။ ဒီအချိန်မှာမှ မဆလ (ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ) ကိုမှ အမှတ်ရနေရလား။ ဒီငတိတော့ ကြောင်သွားပြီလို့ အပြစ်မတင်ခင် ကျနော် ရှင်းပြပါရစေ။ အဖြစ်မှန် သတိရနေတာက ရှစ်လေးလုံးမျိုးဆက် သူရဲကောင်းတယောက်ကိုပါဗျာ။
ဒီလိုပါ … ကျနော်တို့ တပ်ရင်း(စောထစခန်း) မှာ မဆလ နှစ်ယောက် ရှိပါတယ်။ တယောက်က ကျောက်တံခါးက ရဲဘော် မြင့်ဆွေ၊ သူကိုတော့ တိုက်ပုံနဲ့ဘာနဲ့ ဆိုက်ဂိုက်က မဆလ ကောင်စီလူကြီးပုံပေါက်နေလို သူ့ကို မဆလကြီး လို့ ခေါ်ပါတယ်။ နောက်တယောက်ကတော့ တောင်ငူက ဆောက်လုပ်ရေးအင်ဂျင်နီယာ ရဲဘော်ဆန်းလင်းပါ။
သူ့ကိုတော့ မောင်ဆန်းလင်း ကို အတိုကောက် မဆလ လို့ ပြောင်ပြီး ခေါ်ကြခြင်း ဖြစ်ပါတယ်။ သူက ကချင် တိုင်းရင်းသားတယောက် ဖြစ်ပါတယ်။
ဒါပေမယ့် သူဘယ်တော့မှ ကချင်တမျိုးသားတည်း လွတ်မြောက်ရေး (တခုချင်းစီရဲ့အကျိုးစီပွား)ကို မကြွေးကြော်ဖူးပါဘူး။ တခုလုံးရဲ့အကျိုးစီးပွား၊ တမျိုးသားလုံး လွတ်မြောက်ရေးကို မဆုတ်မနစ် တိုက်ပွဲဝင်သွားခဲ့သူပါ။ သူဟာ တော်လှန်ရေးအပေါ် သစ္စာရှိသူ။ သူဟာ ရဲဘော်များအပေါ် ညှာတာထောက်ထား အနစ်နာခံသူ။ သူဟာ အဆောင်အယောင် ကင်းမဲ့ပြီး အညတရ တော်လှန်ရေးသမားဘဝကို ခုံမင်သူ။ သူဟာ အမျိုးသားညီညွတ်ရေးကို လက်ကိုင်ထားသူ။
၂။ အမျိုးသားညီညွတ်ရေး
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးဗိသုကာတဦးဖြစ်သလို ဒီမိုကရေစီနဲ့ အမျိုးသားညီညွတ်ရေး လမ်းပြရှေ့ဆောင် ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်လိုနိုင်ငံရေးဝါဒမျိုးကို ကြိုက်နှစ်သက်ပါစေ။ လူထုသဘောထားကို ဘယ်သောအခါမှ ဆန့်ကျင်လေ့ မရှိပါ။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်။ နိုင်ငံတော် အစိုးရသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ အုပ်ချုပ်ရမည်ဟူသော ဒီမိုကရေစီ မဏ္ဍိုင်ကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။
၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း အက်တလီစာချုပ် လန်ဒန်မှာချုပ်ဆိုစဉ်က တိုင်းရင်းသား လူမျိုးစုများ ပါဝင်နိုင်မည့်အရေးကို သဘောတူညီချက် အမှတ် ၆ တွင် ထည့်သွင်းချုပ်ဆိုခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ မြန်မာနိုင်ငံ လွတ်လပ်ရေးတွင် မပါဝင်နိုင်မှာကို အလွန်စိုးရိမ်ခဲ့ကြောင်း သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။ ထို့နောက် မြန်မာပြည် ပြန်ရောက်ရောက်ချင်း တိုင်းရင်းသားများနှင့် အတူတကွ ဥမကွဲသိုက်မပျက် လွတ်လပ်ရေး အသီးအပွင့်များကို သာတူညီမျှ ခံစားနိုင်ရေးအတွက် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလမှာ ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အောင်ဆန်းဝါဒဆိုတာ ဒီမိုကရေစီနဲ့ အမျိုးသားညီညွတ်ရေးဝါဒပင် ဖြစ်ပါတယ်။
NLD အနေနဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ချက်တွေကို ကြိုဆိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဟိုအရင်ကတည်းက လုပ်သင့်တဲ့အလုပ်ပါ။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအနေကလည်း အခုအချိန်မှာ ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွား အပြန်အလှန် မှီတည်မှုတွေထက် တမျိုးသားလုံးရဲ့အရေးကို ဦးစားပေး ဆောင်ရွက်ရမည့်အချိန်ကို ရောက်နေပါပြီ။
ကျနော်တို့ခေတ်မှာတော့ တော်လှန်ရေးတခုလုံးရဲ့အကျိုးစီးပွားကို အမြဲစဉ်းစားဆောင်ရွက်တတ်လေ့ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များအနက် KNU က ဖဒိုမန်းရှာ(လုပ်ကြံခံရ)၊ RCSS က ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် NMSP က နိုင်ဟံသာ တို့ကိုတော့ ကျနော် လေးစားအားကိုးမိခဲ့ပါတယ်။
ဒီအချိန်မှာ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးနဲ့ NLD ဟာ အမျိုးသားညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ပြီး လက်တွဲတိုက်ပွဲဝင်ရမည့်အချိန် ဖြစ်ပါတယ်။ အချိန်ကန့်သတ်ချက်ဟာ သိပ်ကို တိုတောင်းလွန်းပါတယ်။ NLD ကို တရားမဝင် ဖျက်သိမ်းလိုက်သည့် ဗိုလ်သန်းရွှေရဲ့နောက်ဆုံး ထိုးချက်ကို တန်ပြန်ဖို့ တခုတည်းသောအလုပ်က NLD ကို ဝန်းရံ လက်တွဲသွားဖို့ပါ။ ဒါမှ CRPP ဆုပ်ကိုင်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် လူထုအာဏာကို ဆက်လက် သယ်ဆောင် တိုက်ပွဲဝင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။
၃။ သူဘယ်သူလဲ
အလယ်တန်းပြဆရာ ဦးမင်းဝေ နဲ့ အလယ်တန်းပြဆရာမ ဒေါ်ဘောက်ခွန်တို့ရဲ့ ဒုတိယမြောက်သား ကိုဆန်းလင်း ကို ၁၉၆၃၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ လားရှိုးမြို့မှာ ၁၀ တန်းအောင်ခဲ့ပြီး ၁၉၈၃ မန္တလေး GTI နောက်ဆုံးနှစ်က ကျောင်းရှေ့မှာ ရဲနဲ့ ကျောင်းသားတွေ ရန်ပွဲကတဆင့် ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူက ကျောင်းသားတွေကို ဦးဆောင်ခဲ့လို့ ကျောင်းတနှစ် ထုတ်ခံရပါတယ်။ ဒါကြောင့် ၁၉၈၄ မှာမှ Civil Engineer ဘွဲ့ကို ရခဲ့ပါတယ်။
အဲ့ဒီနောက် တောင်ငူမြို့မှာ ဆောက်လုပ်ရေး အင်ဂျင်နီယာ အငယ်တန်းအရာရှိအဖြစ်လုပ်ကိုင်ရင်း မိဘနဲ့ ညီငယ် ညီမငယ်တွေကို တာဝန်ယူ လုပ်ကျွေးနေခဲ့တဲ့ အကိုကြီးယောက်ဖြစ်ပါတယ်။ သူ့မိသားစုအကြောင်းပြောတိုင်း သူဟာ ညီအကိုမောင်နှမတွေအပေါ် ငဲ့ညာဦီးစားပေးတတ်သူ တယောက်ဖြစ်ကြောင်း ပေါ်လွင်နေခဲ့ပါတယ်။
ရှစ်လေးလုံအရေးအခင်းမှာ တောင်ငူရွှေဆံတော်သပိတ်စခန်း အမာခံခေါင်းဆောင်တဦးအနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဆင်နွဲရန် KNU နယ်မြေ စောထစခန်းသို့ ရောက်ရှိခဲ့ပါတယ်။ ပထမအကြိမ် မကဒတ ညီလာခံမှစပြီး အရေးပေါ်ညီလာခံ၊ ဒုတိယအကြိမ် ညီလာခံ သက်တမ်းများတွင် ဗဟိုကော်မတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ရဲဘော်ဆန်းလင်းဟာ ပြည်တွင်းစည်းရုံးရေး မြေအောက်လှုပ်ရှားမှုလုပ်ငန်းတွေကို ပိုအားသန် စိတ်ဝင်စားစွာ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုစပြီး အလယ်ပိုင်းဒေသ အရှေ့ခြမ်း စိုးမိုးရေး အော်ပရေးရှင်းမှာ ကျနော်က ညောင်လေးပင် ခရိုင်၊ တပ်မဟာ ၃ နယ်မြေ ကျောက်တံခါး၊ ဖြူး၊ ကျောက်ကြီးမြို့နယ်များကို တာဝန်ယူပြီး ရဲဘော်ဆန်းလင်းက တောင်ငူ ခရိုင်၊ တပ်မဟာ ၂ နယ်မြေ ထန်းတပင်၊ အုပ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
၎။ တခါတုန်းက စက်တင်ဘာ
၁၉၈၉ ခု၊ စက်တင်ဘာလ ၅ ရက်နေ့မှာ မာနယ်ပလောဌာနချုပ်ကို စစ်အုပ်စုရဲ့တိုက် လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်လာပါတယ်။ ကျနော်တို့ သူပုန်ဖြစ်ပြီးမှ ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ကျောင်းသားထဲက ကျနော်က ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရပြီး ကျနော်တို့တပ်ရင်းက ရဲဘော်ဇော်ဝင်းအောင်က ညာဘက် ပုခုံးမှာ ဒဏ်ရာရခဲ့ပါတယ်။
ကြဲတဲ့ဗုံးက လိပ်စာနဲ့လာတာ။ ကျနော်နဲ့ ဇော်ဝင်းအောင် နေရာယူတဲ့အနားကို ဗုံးလာကျတာပါ။ NLD(LA) က ဦးအေးသန်းကတော့ ဖဒိုဘသင်အိမ်ရှေ့လှေဆိပ်နားမှာ ဒဏ်ရာရခဲ့ပါတယ်။ ဇော်ဝင်းအောင်ကိုတော့ ကိုယ်ထဲမှာ ဗုံးစ ကျန်နိုင်တယ်ထင်လို့ မဲဆောက်ဆေးရုံကိုပို့ လိုက်ပါတယ်။ ကျနော်က KNU ထူးဝါးလူဆေးရုံမှာပဲ ဆေးကုပါတယ်။ နောက်နေ့ကျတော့ ကျနော်တို့ဇာတ်လိုက်ကျော်ကြီး ဒေါက်တာမင်းသိန်း ရောက်လာပါတယ်။ လက်ထဲမှာ မုန့်ထုပ်နဲ့ ကျနော့်အတွက် ဝယ်လာတယ်ထင်တာ သူပဲ စားပစ်လိုက်ပါတယ်။ ဒီ့နောက် ကျနော့် ဒဏ်ရာကို သူ တချက် လှန်ကြည့်လိုက်ပြီး ကျနော့်ကို မျက်စိတဖက် မှိတ်ပြပါတယ်။ ပြီးတော့ …
“ကဲ ကျောင်းဆရာ တပ်ရင်းကိုပြန်လိုက်ခဲ့ တပ်ရင်းမှာပဲ ကျုပ် ကုပေးမယ်”
(တပ်ရင်းက ရဲဘော်တချို့နဲ့ ဒေါက်တာမင်းသိန်းက ကျနော်ကို ကျောင်းဆရာ ဟု ခေါ်ပါတယ်)
“ဘာဖြစ်လို့ဆရာရဲ့” ကျနော်က နားမလည်စွာ ပြန်မေးတော့၊ သူက တိုက်ရိုက်ပြန်မဖြေဘဲ …
“ရဲဘော်ဆန်လင်းလည်း မာနယ်ပလောမှာ အဖျားတက်နေတယ်၊ အဲဒါ သူလည်း တပ်ရင်းပြန်လိုက်မလို့တဲ့”
ကျနော်က အင်း သူငါ့ကို မျက်စိမှိတ်ပြတဲ့ဟာ အကြောင်းတခုခုတော့ရှိရမယ်ဟု တွက်ဆကာ …
“ကဲ ဒါဆို ကျနော် ဆေးရုံဆင်းဖို့ အကြောင်းကြား လက်မှတ်ထိုးပြီး ရင်လစ်ကြတာပေါ့”
မာနယ်ပလောတွင် ဆန်းလင်းကို ဝင်ခေါ်ကာ ကျနော်တို့ တပ်ရင်းရှိရာ သံလွင်မြစ်ကမ်းဘေးက မယ်ပေါ်မူထသို့ ပြန်လာခဲ့လေသည်။ လှေပေါ်တွင် ကျနော်ကို တပ်ရင်းပြန်ခေါ်လာရခြင်း အကြောင်းကို ကျနော် အတင်းမေးတာ သူမဖြေပါ။ တပ်ရင်းရောက်တော့ ကျနော်တို့ ဆေးရုံဘားကို တန်းသွားကြသည်။ ဆန်းလင်းကတော့ တလမ်းလုံး အဖျားတက်ကာ တဟင်းဟင်း ညည်းလာပါတယ်။
ဆေးရုံဘားပေါ် ရောက်ရောက်ခြင်း ဒေါက်တာမင်းသိန်းက သူကိုယ်တိုင် ကျနော့်ဒဏ်ရာကို ဆေးကျောပြီး ထူးဝါးလူဆေးရုံက နာ့စ်မလေးချုပ်ပေးလိုက်တဲ့ ချုပ်ရိုးတွေကို တချောင်းစီ ပြန်ဆွဲထုတ်ပြီး ဒဏ်ရာကို ပလာစတာနဲ့ ဆွဲကပ် လိုက်ပါတယ်။ ပြီးမှ သူက ကျနော်ကို …
“ခင်ဗျား ဒဏ်ရာကို သူတို့ချုပ်ထားတာ ဒရွဲ့ကြီး ကျောင်းဆရာရဲ့” ဟုပြောကာ ဒဏ်ရာအကွဲကြောင်းတဝိုက်ကို လက်ဖြင့် ဖိကာ အတော်ကြာစမ်းသပ်ပြီးမှ …
“အထဲမှာ အစ မကျန်ပါဘူး”
“ဒီအနာကျက်ရင် ကောင်းသွားမှာပါ” ဟု ဆိုလေသည်။
ဒီတော့မှ ထူးဝါးလူမှာ ကျနော့်ကို မျက်စိမှိတ်ပြပြီး တပ်ရင်းကို ပြန်ခေါ်လာရခြင်းအကြောင်းကို နားလည်ရပါတော့တယ်။ ကျနော် ဒဏ်ရာက စိုးရိမ်စရာမလိုကြောင်း ဒေါက်တာ မင်းသိန်းရဲ့ဆုံးဖြတ်ချက်ကို ကြားရပြီးနောက် ကျနော့်ဘေးမှာ တချိန်လုံး တဟင်းဟင်း ညည်းနေတဲ့ မောင်ဆန်းလင်းက …
“ဆရာ ကျနော့်ကိုလည်း လုပ်ပါအုံး၊ ကျနော် အခြေအနေ တော်တော်ဆိုးနေပြီ”
ဟု ဆိုလေသည်။ ဒီတော့မှ ဒေါက်တာ မင်းသိန်းက သူ့ကို သေချာစမ်းသပ်ပြီး ဆေးမှူး ကိုသက်ကို ကွီနင်းနဲ့ ဒရစ်အွန်ပေးရန် ပြောလိုက်လေသည်။ နောက်နှစ်ရက်လောက်မှာ ကျနော့်ဒဏ်ရာလည်း သက်သာလာသလို ဆန်းလင်းလည်း အဖျား မတက်သလောက် ဖြစ်လာပါတယ်။
၅။ စက်တင်ဘာ … မိုးရေ
ဇာတ်လမ်းက အခုမှ စမှာပါ …။
မောင်ဆန်းလင်းတယောက် ထူထူထောင်ထောင်ဖြစ်လာပြီး နောက် သုံးရက်လောက်အကြာ တညနေခင်းမှာ သံလွင်မြစ်ရေ စိမ်ပြေနပြေချိုးပြီး ညဘက်မှာ အဖျားပြန်တက်ပါတော့တယ်။ ထုံးစံအတိုင်း တညလုံး အဖျားတက်၊ လင်းအားကြီးလောက် အိပ်ပျော်သွားပြီး ၁၁ နာရီလောက်မှာ မနက်စာ စားပြီးတာနဲ့ နေ့ခင်းဘက်မှာ အဖျားတခေါက် ပြန် တက်လာပါတယ်။ ဒီတခါ ကျနော်နဲ့ ဒေါက်တာမင်းသိန်းကို သူ့အနားနေစေဖို့ သူက တောင်းဆိုပါတယ်။ အပူ အနည်းငယ် တက်နေတာမို့ ကျနော်တို့ သူအနားမှာပဲ နေကြပါတယ်။ ဒီတခါတော့ မောင်ဆန်းလင်းတယောက် တဟီးဟီး ညီးရင်းက ကျနော့်ကို မှာတမ်းတွေ စချွေပါတော့တယ်။
“ငါတော့ ဒီတခါ သွားပြီထင်တယ် သူငယ်ချင်း” ဟုဆိုကာ ကျနော့်ကို …
“မင်းတို့ ဒီတော်လှန်ရေးကြီးကို အပြီးသတ် ဆုံးခန်းတိုင်တဲ့အထိ ဆက်လုပ်သွားဖို့ ငါ့ကို ကတိပေးကြပါကွာ”
ဟု တုန်တုန်ရင်ရင် ပြောလေသည်။ ဒါက သူအဖျားတက်ရင် တောင်းနေကျ ကတိ၊ ချွေနေကျ မှာတမ်း …။
ဒါကြောင့် ဒေါက်တာ မင်းသိန်းတယောက် လစ်ပြေးဖို့ ဘားတိုက်ပေါ်က ဖင်တလျှော ဆင်းလေသော် မောင်ဆန်းလင်း က ကျနော်ဘက် လှည့်ကာ …
“သယ်ဂျင်းရေ ဆရာတော့ ငါ့ကို လက်လျော့လိုက်ပြီ ထင်တယ်” ဆိုတော့မှ ဒေါက်တာ မင်းသိန်းတယောက် ထိုင်ရမလို ထရမလို ဖြစ်နေရာက …
“ကိုယ် ဘယ်မှမသွားပါဘူး ကဲ ဘာလိုလဲပြော” ဟု ဆိုလေရာ မောင်ဆန်းလင်းက ကျနော်ကို လက်ညှိုးထိုးကာ …
“ကျနော် ဒီကောင့်ကို မှာစရာတွေ ကျန်သေးတယ် ဆရာ၊ ဒါကြောင့် ကျနော့်ကို ဆော်လူကောတက် (အသက်ကယ်ဆေး) ထိုးပေးပါ”
“အာ … ဆော်လူကော့တက် ထိုးရလောက်အောင် ခင်ဗျားဘာမှ မဖြစ်ဘဲ”
ဟု ဒေါက်တာမင်းသိန်းက ခမ်အေးအေးပြန်ပြောကာ သူဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေ၏။ (ဒေါက်တာ မင်းသိန်း သည် သူ့လက်ထဲတွင် ဖတ်စရာ စာအုပ်တအုပ်နှင့် စားစရာ သရေစာမုန့်တခုခုတော့ အမြဲရှိနေပါတယ်။ ရဲဘော်တွေက သူ့အတွက် ဟင်းကောင်းကလေးများ တကူးတက ချန်ထားလျှင် သူမကြိုက်။ သူက အခွင့်ထူးခံမဟုတ် ရဲဘော်များနဲ့ တသားတည်း တော်လှန်ရေးသမားအစစ် ဟု သူ ဆိုလေ့ရှိပါတယ်။ ဟင်းကောင်း ထမင်းကောင်းကိုလည်း သူ မခုံမင်ပါ။ သူ ဝါသနာအပါဆုံး အလုပ်မှာ စာအုပ်ဖတ်ခြင်းနှင့် သရေစာမုန့်စားခြင်းပင် ဖြစ်လိမ့်မည်။)
“မဟုတ်ဘူးဆရာ ကျနော့်ကိုယ် ကျနော်သိတယ်၊ ဒီတခါ ကျနော် မရတော့ဘူး”
“အာ ကဲ ကဲ … ဒါဆိုလည်း ခဏတော့စောင့်၊ တော်နေကြာ ကျုပ်ကိုယ်တိုင် ထိုးပေးမယ်” ဟု နှစ်သိမ့်၏။ အကြောင်းသိမို့ စိတ်ပြောင်းသွားစေရန် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း နားလည်မိ၏။ သို့သော် ရဲဘော်ဆန်းလင်းကား ဇွတ်သမားပေကိုး။
“ဆရာရယ် ထိုးမှာသာမြန်မြန် ထိုးပေးပါ၊ ကျနော်ကိုယ် ကျနော်သိပါတယ်”
“ကဲ ကဲ … ပြောမရရင်လဲ ထိုးပေးရတာပေါ့”
“ကိုဇော်ရေ ဆော်လူကော့တက် ယူပေးပါ” ဟု သူ့ဆေးမှူး ရီဇော်အား လှမ်းပြောလိုက်ရာ …
“ကျနော် ထိုးပေးလိုက်ရမလား ဆရာ”
“နေ နေ၊ ဒီမောင့်ကို ကိုယ် ကိုယ်တိုင်ပဲ ထိုးပေးပါ့မယ်”
ဆိုကာ ကျနော့်ကို မျက်စိမှိတ်ပြ၏။ ကျနော်စိတ်က အင်း ဒေါက်တာမင်းသိန်းတယောက် ဘာများလုပ်မလို့ပါလိမ့်။ ထို့နောက် မောင်ဆန်းလင်း၏ မျက်စိရှေ့ မြင်မြင်ထင်ထင်မှာ မိုးရေပုလင်းကို ခေါင်းဖြတ်လိုက်ပြီး တခါသုံးအပ်ဖြင့် စုတ်ယူလိုက်ကာ ဆော်လူကော့တက်အမှုန့် ပုလင်းထဲသို့ ထိုးဟန်ပြုလိုက်ပြီး ထို ဆော်လူကော့တက်ပုလင်းအား ကျနော့်လက်ထဲ အသာထည့်ပေးလိုက်ပါတယ်။ ပြီးတော့ …
“ကဲ ကိုယ့်ဆရာ၊ ဟိုဘက်ကို မှောက်လိုက် ဆေးထိုးပေးမယ်”
ကျနော့်လက်ထဲက ဆေးပုလင်းလေးကို အသာထောင်ကြည့်လိုက်တော့မှ … အော် တကယ်တော့ စက်တင်ဘာ မိုးစက်တွေကြားမှာ မောင်ဆန်းလင်း(မဆလ) ကို မိုးရေထိုးပေးလိုက်တာပါကလား။ လူတို့၏ စိတ်အယူသီးမှုသည်ကား အလွန်တရာမှ ဆန်းကျယ်လေ၏။ မိနစ် ၂၀ လောက်သာ ကြာမယ်ထင်ပါတယ်။
“ဆရာက ကျနော့်ကို သက်သက်ဒုက္ဒပေးထားတာ၊ စောစောကတည်း ထိုးပေးလိုက်ရင် ရသားနဲ့” ဟုဆိုကာ ငုတ်တုတ် ထထိုင်လေသည်။ ချိတ်ထားတဲ့ ဒရစ်အကုန် နောက် နာရီဝက်လောက် အကြာမှာ စာဖိုမှာ စားစရာ သွားရှာပါလေတော့သည်။
အော် မိုးရေထိုးပေးလိုက်တာနဲ့ ယူပစ်သလို အဖျားပျောက်သွားသည့် လူနာပါကလား။
၇။ ကျဆုံးသူ … သူရဲကောင်းများကို အလေးပြုပါ၏
ပြည်တွင်း မြေအောက်အလုပ်အဖွဲများ ဖွဲ့စည်းမှုပိုမိုကျစ်လစ်ခိုင်မာရေးနှင့် ပြည်တွင်း မြေအောက်လှုပ်ရှားမှုများ ပိုမို အချိတ်အဆက်မိလာစေဖို့ သူကိုယ်တိုင် မြို့နှင့် အနီးကပ်ဆုံးနေရာများတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဆောင်ရွက်မှုများကို စွန့်စွန့်စားစား အနစ်နာခံဆောင်ရွက်နေစဉ် ၁၉၉၃ ဒီဇင်ဘာလထဲမှာ ရေနီအရှေ့ဘက် ဆိတ်ဖူးကုန်း ရွာမှာ ရန်သူတပ်မှ ရဲဘော်ဆန်းလင်းကို ဖမ်းမိသွားခဲ့ပါတယ်။
ရေနီ လေ့ကျင့်ရေး ၅ မှာ ခဏချုပ်ထားပြီး တောင်ငူ ထောက်လှမ်းရေး ၃ ကို လွှဲပေးလိုက်ပါတယ်။ ရဲဘော်ဆန်းလင်းဟာ အင်မတန်မှ ခံယူချက်ပြင်းထန်တဲ့ တော်လှန်းရေး သူရဲကောင်းတယောက်ပါ။ ဒါကြောင့် စစ်ကြောရေးက ဘာတွေမေးမေး ဘယ်လိုနှိပ်စက်ပါစေ၊ အသက် အသေခံပြီး အားလုံးအပေါ် သစ္စာရှိရှိ ရပ်တည်သွားခဲ့ပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစု လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ပြည်တွင်းယူဂျီ ရဲဘော်များ၏ လုံခြုံရေးနဲ့ ပြည်တွင်း အလုပ်အဖွဲ့များ ဆက်လက်ရှင်သန်ရေးကို သူ့အသက်နဲ့လဲကာ ပေးဆပ်ကာကွယ်သွားခဲ့ပါတယ်။ ရဲဘော်ဆန်းလင်းကို ဘာမေးမေး မဖြေတဲ့အဆုံး စစ်ခွေးတွေက ဥပဒေမဲ့ အပြီးစီရင်လိုက်ခြင်း ဖြစ်ပါတယ်။
ဒေါက်တာမင်းသိန်းဟာ ဆရာဝန်တယောက်ဖြစ်သော်လည်းပဲ နောက်တန်းမှာ ဆေးထိုင်ကုနေတာရတာ ထက်စာရင် ရဲဘော်တွေနဲ့ တသားတည်း ရှေ့တန်းထွက်ကာ တိုက်ပွဲတွေကြားမှာ လူထုကြားမှာ ဆေးကုပေးရင်း တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေတတ်သူပါ။ ၁၉၉၁ ခုနှစ်မှာ ဒီအေဘီ စစ်ကြောင်း ၁၂ နဲ့အတူ မုပ္ပလင် တိုက်ပွဲမှာ သူရဲ့ မျက်မှန်ကျပျောက်ကာ ရန်သူ အဖမ်းခံလိုက်ရပြီး ရန်ကုန်သို့ ခေါ်ဆောင်သွားကာ သူ့ကို ဆေးထိုးပြီး သတ်ပစ်လိုက်ကြောင်း သိရှိရပါတယ်။
အော် အမှတ်တရတွေ ရင်မှာအပြည့်နဲ့ စက်တင်ဘာ မျက်ရည်တွေကြားမှာ … စက်တင်ဘာ မိုးရေစက်တွေကို တိုင်တည်လျှက် … ညာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ …။
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၁၀။
(ကျဆုံးသွားကြကုန်သော အာဇာနည်သူရဲကောင်းအပေါင်း၏ သွေးသစ္စာကို စောင့်သိကြပါစေ)
Maung Maung Soe article for Ko San Lin Moe Ma Kha    
Monday, October 4, 2010
ကြည်ဆန်း (သို့ မဟုတ်) ဧရာဝတီသူရဲကောင်း
ကြည်ဆန်း (သို့ မဟုတ်) ဧရာဝတီသူရဲကောင်း
ဒေါင်းဘိဓမ္မာရဲ့
ရာဇ၀င်ကို
နီလွင်တောက်ပစေခဲ့လျှက်
နွေဦးကိုပြိုးပြက် လင်းလက်စေခဲ့ပေါ့ ။
ဧရာဝတီ
နီမြန်းခဲ့
မဲနယ်တောင်တန်းနဲ့
ရှမ်းတောင်တန်းတွေ
ညို့နေခဲ့
ပြေ(ပြည်)မြို့တဖက်ကမ်းက
ရခိုင်ရိုးမတောင်တန်းတွေတောင်
ညို့ရောင်သန်းခဲ့
သူ့သမိုင်းခေတ်ကိုထမ်းခဲ့ပုံက
သူရဲကောင်းဆန်လှတယ် ။
သူရဲကောင်း ကျောင်းသားတယောက်ရဲ့
မာကျောတဲ့ သံမဏိစိတ်ဓါတ်ကြောင့်
ညှင်းပမ်းသတ်ဖြတ်သူတွေ
စိတ်ဓါတ်ပျက်ယွင်း
ရူးသွပ်ခြင်းသို့ရောက်သွားခဲ့
သစ္စာတရားအတွက် ဒူးမထောက်တဲ့မော်ကွန်း
ရန်သူတွေကြောက်ဒူးတုန်ခဲ့ ။
၁၉၈၈ လူထုတိုက်ပွဲ
၁၉၈၈ စက်တင်္ဘာ ၁၈ အာဏာသိမ်းတိုက်ပွဲ
၁၉၉၀ ပြည့် ရွေးကောက်ပွဲအောင်နိုင်ရေးတိုက်ပွဲ
၁၉၉၀ အလွန် လက်နက်ကိုင်တော်လှန်ရေး
ပြည်ခရိုင်ကျောင်းသားသမဂ္ဂ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု
အနီရောင်ရင့်ရင့် သဘောတရား
ကျောင်းသား စံပြတော်လှန်ရေးသမား
လေးစားအတုယူဖွယ် ကိုယ်ကျင့်တရား
ရိုးသားတည်ကြည် စိတ်ထားဖြောင့်မတ်သူ
ဗမာပြည်ရဲ့ ရိုးမကြယ်ဖြူပွင့်
ကြွေလွင့်စောခဲ့ပေါ့ ။
အလယ်ပိုင်းဒေသ ရေနီ
ပြည်သူ့ပျောက်ကြားစစ်သည်ရဲ့
သူရဲကောင်းဗိမာန်တည်ရာ
သာမီတိုက်ရွာ
သာစည်ရွာလေးဆီ
ဦးညွှတ်အလေးပြု
သာဓုခေါ်ချင်ရဲ့ ။
ဧရာဝတီရေ
ဗမာပြည်ရဲ့ သူရဲကောင်းကျောင်းသားတယောက်ကို
သင့်ရေလွှာပြင်အောက်က
ကျောက်သားမျက်နာပြင်ထက်မှာ
ရင်ပြင်နီတည်ဆောက်ကာ
ရာဇ၀င်မော်ကွန်းထိုးစေသတည်း ။ ။
( ၃၀ ၊ ၈ ၊ ၁၉၉၅ ခုတွင် သူရဲကောင်းဆန်စွာ ကျဆုံးသွားသော ပြည်ခရိုင် ပဲ
ခူးတိုင်း အနောက်ခြမ်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊
ပြည်မြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်၊ ကျောင်းသားတပ်
မတော် တပ်ရင်း(၆၀၁)၏ တပ်စုမှူး ရဲဘော် ကြည်ဆန်းအား ဤကဗျာဖြင့် ဦး
ညွှတ် အလေးပြုပါသည် ) ။
နီလွင်သွေး (ဒဿနိက)
၉ ၊ ၂၆ ၊ ၂၀၁၀ တနင်္ဂနွေနေ
Thursday, August 12, 2010
Joint Statement: Ambassadors for Aung San Suu Kyi
by Burma Campaign Australia on Wednesday, August 11, 2010 at 4:43pm
One year ago Burma's pro-democracy leader and Nobel Peace laureate Aung San Suu Kyi was convicted of breaching the conditions of her house arrest and sentenced to 18 months house arrest. Today she has spent over 14 of the past 20 years under various forms of imprisonment. In October she will have spent 15 years under house arrest.
Aung San Suu Kyi has been detained for 15 years too long.
We, the undersigned, condemn the arrest, trial and sentencing of Aung San Suu Kyi a year ago, and we condemn her continued illegal arbitrary detention and call for her immediate and unconditional release.
We, the undersigned, condemn the continuing imprisonment of over 2,100 political prisoners in Burma and call for their immediate and unconditional release.
We, the undersigned, do not see an election process where thousands of potential opposition candidates, including Aung San Suu Kyi, have been excluded from standing for election because they have been or are a political prisoner, as credible or legitimate.
We, the undersign, pledge our support to Aung San Suu Kyi, the people of Burma and their dream of a free and genuinely democratic Burma, and we will continue to work towards this goal.
Signed:
Julie Bishop
Janelle Saffin
Lee Rhiannon
Penny Sharpe
Helen Westwood
Sue Pennicuik
Meredith Burgmann
Tammi Jonas
Tuesday, July 6, 2010
၇ ဂျူလိုင်၊ ၁၉၆၂။
၇ ဂျူလိုင်၊ ၁၉၆၂။
from Maya Magazine by Maung Aye Win
[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]
......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]
.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။
ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။
"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"
"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။
"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"
ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။
မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။
"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"
မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"
ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။
"ထွက်ဟေ့၊ ထွက်ဟေ့"
ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။
"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။
"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"
စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။
"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"
သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။
"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ
"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။
"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"
ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
(စာမျက်နှာ ၂၆၀- ၂၆၄)။
"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"
.....................
......................
......................
......................
"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"
.........................
..........................
.........................
"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"
....................
....................
....................
မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။ ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
..................
..................
.................
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။
တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။
ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။
အော် သွေးဆူနေကြချိန်တကား။
ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။
မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။
.......................
.......................
.......................
"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။
မကြာလိုက်ပါ။
ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။
......................
.......................
......................
သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။
ညတကာရဲ့ ညပေဘဲ။
ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။
တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။
ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။
ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။
နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ"
...............................
...............................
...............................
"လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။ ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
"ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။
(စာမျက်နှာ ၂၇၀- ၂၇၇)
'အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။
Friday, April 9, 2010
“နောက်ဆုံးတိုက်ပွဲနောင်ရိုးစိတ်ဓါတ်”
န.အ.ဖကတော့ ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်ပြီးမြန်မာပြည်သူများနဲ့ ကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာ အသိုင်း အ၀ိုင်း ကိုအဆုံးအစွန်ထိစိန်ခေါ်လိုက်ပြန်ပါပြီ။အာလုံးက၀ိုင်းဝန်းတောင်းဆိုနေကြ၊တားမြစ်နေကြသည်ကြားကပင်ယခုလို
ကိုယ်သဘောကိုယ်ဆောင်ရ်ျပြုမှုလိုက်ခြင်းသည်က်ျတစ်ကြိမ်သည်လည်းပထမဆုံးအကြိမ်မဟုတ်တော့ပါ။န.အ.ဖစစ်အုပ်စုက
သူလမ်းစဉ်ကိုမဆုပ်မနစ်အကောင်ကထည်ဖော်သွားနိုင်ခဲ့သည်။၎င်းတို့ ဘက်ကကြည့်လျင်တော့ ၎င်းတို့ လိုချင်သည့် ပန်းတိုင်ရောက်လုပြီ။ဒါဆိုကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများဘက်ကရောပန်းတိုင်ရောက်လုပါပြီလား…..?တာဝန်ကျေပြီလား…..?
န.အ.ဖ၏လမ်းပြမြေပုံခုနုစ်ချက်ကိုအဆင့် တိုင်းကိုကျွန်တော်တို့ (ဒီမိုကရေစီဘက်တော်သားများ)ကပါးစပ်ဖြင့် တိုက်ဖျက်လာကြသည်မှာလဲယခုအချိန်တွင်ဆုံးခန်းတိုင်လုပြီ။က်ျတစ်ကြီမ်တွင်လည်းအလုပ်မပါပါးစပ်ချည်းသက်သက်သာတိုက်ဖျက်
နေကြပါကကျွန်တော်တို့ တိုင်းပြည်နှင့် ကျွန်တော်တို့ လူမျိုးလောက်ညံ့ သောသူက်ျကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။ပါးစပ်နဲ့ မတိုက်ဖျက်ချင်လိုရောတွေများရှိလိုလဲဟုမေးစရာရှိပါသည်။ကျွန်တော်တို့်သည်စည်းလုံးချင်းအင်အားလောက်ကောင်းသောလက်နက်
မရှိမှန်းသိလျက်နှင့်ပင်ထိုလက်နက်ကိုဆွဲကိုရန်တွန့်ဆုတ်နေခဲ့ကြသည်။မယုံမရဲရှိနေခဲ့ကြသည်။ ဘုရင်နောင်၏ နောင်ရိုးတိုက်ပွဲ၊ နောင်ရိုးစိတ်ဓါတ်ကို မေ့ လျော့ နေခဲ့ကြသည်။ လမ်း(way)မရှိလိုပါပဲ လူထုကို ဦးဆောင်ချင်နေကြသည်။
တကယ်ဆိုကျွန်တော်တို့လုပ်သင့်သည်မှာလက်တွေ့ ကျသောအမြင်များ၊ လမ်းစဉ်များကို ပြည်သူလူထုအားချပြပြီး ဦးဆောင်သင့် သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲမ၀င်၇န်ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ဖြစ်ခြင်းကြောင့် မဟုတ်ပဲမြန်မာတစ်နိုင်ငံလုံးအားဒုက္ခပင်လယ်တွင်းမှ ကယ်တင်ရန်အတွက် ပထမခြေလှမ်းပင်ဖြစ်ကြောင်း ရှင်းပြ စည်းရုံးရမည်။ မြန်မာ့လူဘောင်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့်မြန်မာပြည်လွတ်မြောက်ရေး၏ဆက်စပ်မှုကိုရှင်းလင်းစွာသိနားလည်ကြခြင်းမရှိသေးပေ။၎င်းအခြင်းအ၇ာကို ကျွန်တော်တို့  ပတ်ဝန်းကျင်၇ှိမည်သည့် အင်အားစုက မှမဟုတ်သောသာမာန် ပြည်သူတယောက်နှင့် စကားအနည်းငယ် ပြောကြည့် ရုံဖြင့်သိနိုင်ပါသည်။
Wednesday, March 24, 2010
"မတရားတဲ့ ဥပဒေ နဲ့  မှတ်ပုံတင်ခြင်းကို ကျမဘယ်တော့မှ လက်မခံဘူး"
(ဒေါ်အောင်ဆန်းစုကြည်)
"မတရားတဲ့ ဥပဒေ နဲ့  မှတ်ပုံတင်ခြင်းကို ကျမဘယ်တော့မှ လက်မခံဘူး၊ ဒါပေမယ့်ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်းမဟုတ်ဘူး၊ ဖိအားပေးတာလည်းမဟုတ်ဘူး၊ ညွန်ကြားတာလဲမဟုတ်ဘူး ၊ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီနည်းအတိုင်း ဆုံးဖြတ်ကြ"
(ဦးဥာဏ်ဝင်း ပြန်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှာစကား မတ်လ ၂၃ ၂၀၁၀)
- Posted using BlogPress
Wednesday, March 17, 2010
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ CEC အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်CC တွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံးလျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်း တင် က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့် သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါ တယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။
ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။
သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စ ကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိ လောက်အောင်လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအ သုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။
အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော် ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲလို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ် တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။
ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။
ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီး တော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲ ... ရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။
ဗွီအိုအေ။ ။ အဲတော့ ဆရာ၊ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။
ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံမတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ် ပုံမတင်ချင်တဲ့သူက နည်းနည်းပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊
ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အ ကျင့်တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။
အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံ နိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆို ပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။
ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူးထားပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ် ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံ နိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။
သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီးတက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။
ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)
- Posted using BlogPress
Saturday, March 13, 2010
Wednesday, March 10, 2010
လွယ်ဖီ
ညိုထက် (လမ်းသစ်ဦး)
ရှမ်း၊ ကယားနယ်ကို ခြံစည်းရိုးခတ်ထားတဲ့ ချောင်းရိုးလေးက
သူ့ကို ထွေးပွေ့ထားတယ်။
ပြောရမယ်ဆိုရင်
ကြီးတောင့်ကြီးမား သားတယောက်ကို ပွေ့ချီထားတဲ့ အမေပိန်ပိန်လေးလိုပေါ့။
မြင့်မား၊ သွယ်တန်း၊ ရှည်လျား
လွယ်ဖီဟာ ကျားကျားလျားလျားတော့ရှိတယ်။
ကျနော့်သူပုန်ချက်မြှုပ်တာက
မဲနယ်တောင် အရှေ့ဘက်တောင်စွယ်ဆိုတော့
ကျနော့်ရဲ့ သူပုန်ဘ၀ကို
သူ့ကျောကုန်းပေါ်မှာ လေးဘက်ထောက်သွားစေခဲ့တာပေါ့။
အဲဒီမှာပဲ အခြေခံစစ်ပညာတွေသင်ခဲ့တယ်
အဲဒီမှာပဲ ကိုတိုက်မောင်းနဲ့ တွေ့ခဲ့တယ်
အဲဒီမှာပဲ ဒီအချိန်အထိ တည်သွားမယ့် ရဲဘော်ရဲဘက်တွေကို တွေ့ခဲ့တယ်
အဲဒီမှာပဲ ကျနော့်ရဲ့ ပထမဆုံးဆောင်းပါးကို သေနတ်သံဂျာနယ်မှာ ရေးခဲ့တယ်
အဲဒီမှာပဲ လက်ရေးနဲ့ ကဗျာစာအုပ်တွေ ထုတ်ခဲ့တယ်
အဲဒီကို ဗဟိုပြုပြီး ဆီဆိုင်ကိုဝင်မယ့် ရန်သူကို ၀ိုင်းပတ်ပြီး ခြေမှုန်းရေးစစ်ပွဲနွှဲခဲ့တယ်
အဲဒီမှာပဲ ရန်သူဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တွေ့ဖူးတယ်
အဲဒီမှာပဲ ကိုယ်ပိုင်သေနတ်တလက်ရခဲ့တယ်
အဲဒီမှာပဲ တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်တဲ့
၈၀၁ က ကယမ်းရဲဘော် မောင်ရွှေနဲ့
ကျနော့်ရဲ့ ရဲဘော်ကြီး နိုင်မိုးအောင်ကို ထားခဲ့ရတယ်။
အဲဒီမှာပဲ ကျဆုံးရဲဘော်ကို ရှေ့မှာထားပြီး ကမ္ဘာမကြေဘူးသီချင်းကို သီဆိုခဲ့ရတယ်
မျက်ရည်များနဲ့ တုန်လှိုက်နေတဲ့ သီချင်းသံ။
အဲဒီမှာ
ရန်သူကို ရန်သူလို့ ပြတ်ပြတ်သားသား မြင်ခဲ့ရတာပေါ့
ကျနော်တို့ရှေ့မှာ ရန်သူကလွဲပြီး ဘယ်သူမှ မရှိဘူးလေ။
ညဘက်တွေဆို
ဦးစိုးအောင်လွင်တဲကိုသွားပြီး မုန့်တောင်းစားကြတယ်
အဲဒီက အဆင်မပြေရင် မျက်စောင်းထိုးက
တောင်စောင်းလေးကို မေးတင်ဆောက်ထားတဲ့ တဲလေးကိုသွားပြီး
လက်ဖက်ခြောက်တွေ ထောင်းစားကြတယ်။
နောက်ပြီး စကားတွေပြောကြတယ်
အမှန်က ကျနော်တို့က နားထောင်တာပါ
အဲဒီနားထောင်ဖော်တွေဟာ ကျနော်ရဲ့ဘော်တွေဖြစ်လာကြပြီး
ပြောကြသူတွေကတော့ ကျနော့်ရဲ့ရဲဘော်ကြီးတွေအဖြစ်
သံသရာတကွေ့မှာ ပြန်တွေ့ဖြစ်ကြပြန်တယ်။
ကျနော်အမှတ်ရနေသေးတဲ့ နောက်တခုကတော့
အဖေ့ဆီကို စာလှမ်းရေးလိုက်တာပါပဲ
“အဖေ စိတ်ကူးယဉ်တယ်ဆိုတာ
အနာဂတ်ကို ဇာတ်တိုက်ကြည့်တာပါပဲ အဖေ” ။ ။
ညိုထက် (လမ်းသစ်ဦး)
- Posted using BlogPress
Monday, March 1, 2010
Nobel Women’s Initiative - International Tribunal on Crimes Against Women of Burma - March 2nd, 2010
Please join us on March 2nd for the International Tribunal on Crimes Against Women of Burma.nwi-badge
Leading up to the event you can read some of the stories of the women who will be testifying at the tribunal.
We will be Live Blogging during the tribunal on March 2nd.
Watch the webcast.
The entire proceedings of the tribunal will be broadcast live on the internet. Footage will also be archived after the tribunal. Check back here for more details.
Follow us on Twitter and Facebook.
The Nobel Women's Initiative and the Women's League of Burma are jointly convening this important event in New York City. Participants, and those watching the webcast, will hear the compelling testimony--for the first time ever--of 12 women from Burma who have suffered rape, torture and other crimes at the hands of the military junta. The stories they share will represent thousands of other untold stories from across Burma. Stories of fear, anguish, resistance, escape, perseverance and hope for change.
Currently, too little is known about the situation inside of Burma. Despite the magnitude of the crisis inside the country, it has not yet prompted effective or meaningful change by national, regional or international community leaders.
This People's Tribunal will address this unfortunate reality. The high-level panel of judges -- Dr. Heisoo Shin, Professor Vitit Muntarbhorn, and Nobel Peace Laureates Shirin Ebadi and Jody Williams -- will offer up key policy recommendations, based on the testimony, and call on the international community to act on the human emergency in Burma.
TAKE ACTION
Attend the International Tribunal on Crimes Against Women of Burma in New York.
  • Proshansky Auditorium, CUNY Graduate Centre, 365- 5th Avenue
Watch the live webcast.
Thank you to Zeitbyte for live webcasting of the proceedings.
Sunday, February 7, 2010
စမ္ပာနဂိုရ် ပြားသွားပြီ
                                                     မ္ပမပ္ပကပ
Saturday, February 6, 2010
၆၁ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့
ဒီနေ့ Sydney မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကပုံပါ။
- Posted using BlogPress
Tuesday, January 12, 2010
Dr. Paul Web ရေးသားတဲ့ "ဒေါင်းရင်သွေး"
Dr. Paul Web ရေးသားတဲ့ "ဒေါင်းရင်သွေး" "The Peacock's Children: Burma Protests 1885 - Present" စာအုပ်ဟာစိတ်ဝင်စားစရာ စာအုပ်တစ်အုပ်ဖြစ်ပြီး  အမေဇုံ မှာဝယ်လို့ ရနိုင်ပါတယ်။
သမိုင်းပညာရှင်တစ်ယောက်ရဲ့ စနစ်တကျ သုတေသနပြု မှတ်တမ်းတင်ထားတဲ့စာအုပ် တစ်အုပ် ဖြစ်လို့ 
ဖတ်မှတ်သိမ်းဆည်းထားစရာ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
Copyright © 2009 A Naing All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.