Wednesday, August 1, 2012
ရေညှိမတက်တဲ့ လမ်းမ
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း၅၀ စွန်းခဲ့ပကော။
ဟုတ်လို့လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက်ရှာဖွေ။
မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖြန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေးနီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန်တေး ဆိုကြလိမ့်မယ်။
ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။
အေး ...ဟုတ်တယ်
ဓားဓားချင်း လှံလှံချင်းပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။
မောင်လွမ်းဏီ
၃၁-၇-၂၀၁၂
http://drlunswe.blogspot.com.au
Tuesday, April 17, 2012
Sydney က မြန်မာ၊ ထိုင်း၊ လာအိုတို့ရဲ့ စုပေါင်းသင်္ကြန်ပွဲ
၂၀၁၂ ခု ဧပြီလ ၁၅ ရက်နေ့က Sydney က Wat Pa BuddhaRangsee ဆိုတဲ့ ဘုရားကျောင်းမှာ ထိုင်း၊ မြန်မာ နဲ့ လာအို လူမျိုးတွေစုပြီး နှစ်သစ်ကူးပွဲ ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်မှာ ထူးခြားချက်တခုက မြန်မာ က မယ်ရွေးပွဲ မှာ ပထမ ရတာဖြစ်ပါတယ်။ ရာသီဥတုက ကောင်းမွန်လို့ ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတပွဲ ဖြစ်ပါတယ်။
Friday, March 16, 2012
၂၄ နှစ်ပြည့် တံတားနီ
"၂၄ နှစ် ပြည့်ခဲ့ပါပြီ ကုလသမဂ္ဂက သတ်မှတ်ချက်အရဆိုရင် လူငယ်ဘ၀က ၁၄ နှစ်မှာ ကုန်ပါပြီ။ လူငယ်ဘ၀ ကျော်လာတဲ့အတွက် အထိုက်အလျှောက် ရင့်ကျက်မှုတွေ ရှိရပါတော့မယ်၊ ရင့်ကျက်မှုတွေတော့ အထိုက်အလျှောက် ရှိလာကြပါပြီ။ ပြက္ခဒိန်တွေမှာ မှင်နီတွေ မှတ်ထားရတာ ပြည့်နေပါပြီ။ နောင်လာမယ့် လူငယ်တွေအတွက် လူငယ်တွေလက်ထက်မှာ မှင်နီပေါ် မှင်နီထပ်ပြီး မှတ်သားရတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့သွားချင်တဲ့ ပြည်သူ့အောင်ပွဲဆိုတာ ပြက္ခဒိန်ပေါ်မှာ ဖြူ နီ ၀ါ ပြာ စိမ်းတွေ ပြည့်နေတာမျိုးပါ။ တစ်ခုခုကို ရွေးချယ်မယ်ဆိုရင် တစ်ခုခုကို ပေးဆပ်ရပါတယ်။ ဒီမိုကရေစီကို လိုချင်ခဲ့တဲ့အတွက် အားလုံးရဲ့ နုပျိုဆဲကာလတွေ၊ အသက်တွေ ပေးဆပ်လိုက်ရပါတယ်။
အခုအချိန်ကို အသွင်ကူးပြောင်းရေးကာလလို့ သတ်မှတ်ကြပါတယ်။ လွတ်မြောက်ရေး တိုက်ပွဲကာလလိုလဲ မဟုတ်ဘူး။ တည်ဆောက်ရေး ကာလလို့လဲ ပြောလို့မရဘူး။ တော်တော် ကတ်သီးကတ်သတ် နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တည်ဆောက်ရေးကာလအတွက် ပြင်ဆင်ထားကြတဲ့လူတွေ ရှိနေပါတယ်။ လွတ်မြောက်ရေးကာလမှာ ပါဝင်ခဲ့တဲ့သူတွေ တဖြည်းဖြည်း နောက်ကိုဆုတ်ပြီး တည်ဆောက်ရေးကာလအတွက် ပြင်ဆင်ထားတဲ့သူတွေ ရှေ့တန်းကို ရောက်လာသင့်ပါပြီ။ လွတ်မြောက်ရေး ကာလမှာလည်း ပါခဲ့တယ်၊ တည်ဆောက်ရေးအတွက် ပြင်ဆင်ထားတဲ့သူတွေလည်း ရှေ့ကို ရောက်လာသင့်ပါပြီ။ သမိုင်းအမှန်တွေအတွက်၊ တရားမျှတမှုတွေအတွက် လွတ်လပ်မှုတွေ ပေးသင့်ပါပြီ။ ပြည်သူတွေကို လွတ်လပ်စွာ ရေးသား၊ ထုတ်ဝေ၊ စုဝေး၊ ဆန္ဒထုတ်ဖော်ခြင်း ဆိုတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးတွေကို ပေးသင့်ပါပြီ။ လွတ်လပ်စွာ ပြည်သူတွေ ဆုံးဖြတ်ခွင့် ရသင့်ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲဟာ သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ သတ္တိရှိတယ်ဆိုရင် ယူနီဖောင်းတွေချွတ်ပြီး အမျိုးသားဝတ်စုံတွေ ၊ တိုင်းရင်သားဝတ်စုံတွေ ၀တ်ပြီးတော့ လွှတ်တော်ထဲ ၀င်ခဲ့ပါ။ ကြိုဆိုပါတယ်။" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
(Eleven Media Group)
Saturday, December 24, 2011
အရေးတော်ပုံများ ...လူများ၊ အဖြစ်အပျက်များ (၆)
ဒီဇင်ဘာ ၂၃၊ ၂၀၁၁
ပါတီကို စစ်အုပ်စုက မတရားအသင်းအဖြစ် ကြေညာဖျက်သိမ်းလိုက်တယ်။ မြို့ကလေးက ရဲဘော် အချို့နဲ့ ပါတီတခုလုံးက ရဲဘော် အတော်များများဟာ လက်နက်ကိုင် တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ပြီ။ ရဲဘော် အံ့ဇော်ကို ပြန်လွှတ်ပေးပြီးနောက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ သတင်းပေးတွေဟာ ပါတီဝင် ရဲဘော်တဦးချင်းစီကို အနီးကပ် စောင့်ကြည့်တာတွေ လုပ်နေခဲ့တယ်။
Thursday, December 1, 2011
ရှစ်လေးလုံးစိတ်ဓာတ် (၁+၂+၃+၄) (မောင်မောင်စိုး)
ရှစ်လေးလုံးစိတ်ဓာတ် (၁+၂+၃+၄) (မောင်မောင်စိုး)

July 22,2010
အင်မတန်ရိုးသားတဲ့တောသူတောင်သားတွေက ဗိုလ်ချုပ် ရဲ့ သမီးလေးပါတီက ခမောက်ကို မဲထည့်ကြဟေ့..ဆိုပြီး အန်အယ်လ်ဒီကို ထောက်ခံခဲ့ကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးက တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ရအောင် လုပ်ပေးမှာ၊ ဒီမိုကရေစီ ရရင် ငါတို့ အားလုံး စားနိုင်သောက်နိုင် ပြေလည်ကြမှာဟေ့.. ဆိုတဲ့ ရိုးသားတဲ့အသိနဲ့ နှလုံးသားထဲက နှစ်နှစ်ကာကာ ယုံကြည်ပြီး မဲပုံပေးခဲ့ကြတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေခံနေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ပဲခူးတိုင်း အရှေခြမ်းက ဒေသတချို့ မှာ တကယ်ဖြစ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးဆိုတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခမောက် ဟာ ၁၉၉၀ မေလကတည်းက လူထု နှလုံးသားမှာ အထင်ကရ ကိန်းဝပ်နေတဲ့ တခုတည်းသော အမှတ်တံဆိပ် သာဖြစ်ပါတယ်။ နောက်တခုက ပင်နီတိုက်ပုံ၊ ပင်နီရင်ဖုံး၊ ကချင်လုံချည်နဲ့ အတူ ခမောက်ဆောင်းထားတဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ အဖွဲ့ ဝင်တွေဆိုတာ လူတိုင်းလူတိုင်း အသိအမှတ် ပြုကြပါတယ်။ အဲဒီလို အန်အယ်လ်ဒီ ရဲ့ ပြရုပ်အဖြစ် ဒီအမှတ်တံဆိပ်တွေ လူထုကြားထဲမှာ စွဲမြဲစွာ ထင်ကျန်နေစေဖို့အတွက် အန်အယ်လ်ဒီ အဖွဲ့ ဝင်ပေါင်းများစွာ ထောင်ကျခံ အသေခံ လှုပ်ရှားလာခဲ့တာ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တတိုင်းလုံး တပြည်လုံးအသိပါ။
ဒီမိုကရေစီ သဘောအရ သူတို့ ကြိုက်တဲ့ အမှတ်တံဆိပ်ကို သုံးခွင့်ရှိတယ်ဆိုပေမယ့်လည်း....
မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးအညွန့်ခူးစား...ကလိန်ကကျစ်ကျနေကြတာတွေကိုတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချသွားကြဖို့ လိုပါတယ်။ ကျောင်သားအမည်ခံ အုပ်စုကလည်း သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ် ပုံမှားရိုက်ဖို့ ကြိုးစား ခဲ့ပါသေးတယ်။နိုင်ငံတကာနဲ့ လူထုကို ၂၀၁၀ ရွေးကောက်ပွဲနဲ့  လိမ်လည်လှည့်စားဖို့ နအဖ စစ်အုပ်စုက တဘက်သတ် ညစ်ပတ်နေတာနဲ့ တပြိုင်နက်ထဲမှာပဲ အသားထဲကထွက်တဲ့ လောက်ကောင်တွေကလည်း ပြည်သူကို မျက်စိလှည့်နားလှည့် ပုံမှားရိုက်ကလိန် ကကျစ်ကျ.. တိုင်းပြည်ကိုနစ် သထက် နစ်အောင် ချောက်ထဲတွန်းပို့ နေပြန်ပါတယ်။ အဲ့ဒီ အချောင်သမား အခွင့်အရေးသမားတွေကို လူထုအနေနဲ့ သော်၎င်း၊ ဒီမိုကရေစီ အင်အားစု အစစ်အမှန်တခုလုံးအနေနဲ့ သော်၎င်း.. ဆန့် ကျင် တိုက်ဖျက်သွားရန် လိုအပ်ပါတယ်။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှု ကျော်လွန်ဲပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်တိုက်ဖျက်သွားရေးကိုသာ ကျနော်ယုံကြည်ပါတယ်။ တခြားပါတီများအနေနဲ့ မိမိတို့ ယုံကြည်ရာ နိုင်ငံရေး တွက်ချက်မှုများနဲ့ ရိုးသားစွာ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ မဟာဗျူဟာ ကွဲလွဲချက်ကို ကျနော့်အနေနဲ့ လက်မခံခဲ့ ပေမယ့်လည်း ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်သေးခင် ဒီမိုကရေစီကျင့်စဉ်ရဲ့ အားနည်းချက်တွေပဲ ဆိုပြီး ဖြေသိမ့်ခွင့်လွှတ်နိုင်ပါသေးတယ်။
အခုလို ပြည်သူလူထု အများက တခဲနက်ထောက်ခံပြီးသား အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ကို သုံးလိုခြင်းကိုက သူများခင်းပြီးသားလမ်းမှာ ခူးပြီး ခပ်ပြီးသားကို အသင့်စားချင်နေကြတဲ့ ကိုယ်ကျိုးရှာမည့်အချောင်သမားများသာဖြစ်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။အန်အယ်လ်ဒီ ကနေ နှုတ်ထွက်ပြီး ၊ ကိုယ်ပိုင် ပါတီ ထောင်ကာ ရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဘာကြောင့် အန်အယ်လ်ဒီ နှာခေါင်းပေါက်နဲ့အသက် ရှူချင်ကြတာလဲ ။ အဖြေကတော့ ရှင်းပါတယ် ။ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့  အုပ်စုဟာ စစ်အုပ်စုအလိုကျ မျက်နှာ ပြောင်တိုက်ကပြရတော့မည့် ကိုယ်ကျိုးရှာလောက်ကောင်များအဖြစ်သာ သမိုင်းတွင်ရစ်စေတော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလို လူမျိုးတောင်မှ ဒလိမ့်ခေါက်ကွေး သမိုင်းကွေး ခဲ့ရတာကို ကြည့်နိုင်ပါတယ်။ သို့ သော်လည်းပဲ ရွေးကောက်ပွဲ မစခင် အချိန်မီ အမြင်မှန်ရကြပြီး အန်အယ်လ်ဒီ ကို ပြန်လည်ပူးပေါင်းကာ ပြည်သူ့ ဘက်တော်သားများအဖြစ် မိမိတို့ သမိုင်းဆိုး များကို ပြန်လည်ဆေးကြောကြစေလိုပါတယ်။ အမှားများကို မှားပြီးရင်း မမှားစေလိုသောကြောင့် စေတနာဖြင့် တင်ပြခြင်းသာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( အန်အယ်လ်ဒီ )သည် ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး က မွေးဖွားပေးခဲ့သော လူထုပါတီတရပ်ဖြစ်သည်။ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .။(မောင်မောင်စိုး)
jul22,2010
အပိုင်းအလိုက် ဆက်လက် ဖော်ပြသွားပါမည်။(ဟစ်တိုင် စာတည်းအဖွဲ့)
-------------------------------------------
၁၉၄၁ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့မှာ ဒို့ဗမာအစည်းအရုံး သခင်များ၏ အစီအစဉ်နဲ့ သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နိုင်ငံကို စစ်ပညာများသင်ကြားရန် သွားရောက်ခဲ့ကြပါတယ်။ ဗြိတိသျှကိုလိုနီထက် ဆိုးတဲ့ ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး လွတ်လပ် ရေး အရယူမယ်ဆိုတဲ့ မဟာဗျူဟာကို နိုင်ငံရေးခေါင်းဆောင်တချို့ က သဘောမကျကြပါဘူး။ ဒါပေမယ့်လည်း ဗြိတိသျှ ကိုလိုနီအစိုးရကို ပင်းပြီး ဒီမဟာဗျူဟာကြီးပျက်အောင် "ဒီခေတ်လို" ကလိမ်ကကျစ်ကျ ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးလုပ်စားသူ မရှိခဲ့သလို၊ ဂျပန်ကိုပြန်တိုက်တော့ လည်း တညီတညွတ်တည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း မှတ်တိုင်များရှိခဲ့ပါတယ်။
၁၉၃၀ နောက်ပိုင်းနှစ်များမှာတော့ ဒီနေ့ ဒီမိုကရေစီရေး တိုက်ပွဲကာလနဲ့ ခပ်ဆင်ဆင်တူပြီး တိုက်ပွဲလမ်းကြောင်းတွေေ၀၀ါးနေခဲ့ပါတယ်။ ကိုလိုနီဗြိတိသျှ ကျွန်ဘ၀ အဓွန့်ရှည်စေမည့် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ဌာနအုပ်ချုပ်ရေး၊ ဟုမ်းရူးအုပ်ချုပ်ရေး စသည့် အခွင့်အရေးများမှတဆင့် လွတ်လပ်ရေးကို အရယူဖို့ အာသီသ ပြင်းပြတဲ့ ခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝလွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲပန်းတိုင်နှင့်အတူ့ လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊လွတ်လပ်ရေးသည် တတိယ၊ ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်မှာ အားလုံးအတူတကွ တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအောင်ပန်းကို အရယူခဲ့ကြပါတယ်။ယနေ့ခေတ် ဒီမိုကရေစီတိုက်ပွဲတလျှောက်မှာတော့ ဒီမိုကရေစီနည်းလမ်းကျ ကိုယ့်သဘောကိုယ်ဆောင် ထင်ရာတွေလုပ်နေကြတာကြောင့် တိုက်ပွဲလမ်းကြောင်းတွေ လွဲချော်နေပြီး အောင်ပွဲနဲ့ဝေးနေတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် တခုတည်းသော မဟာဗျူဟာ ဦးဆောင်မှု ရှိမနေခြင်း၊ တခုတည်းသောတပ်ပေါင်းစု(သို့မဟုတ်)တခုတည်းသော ဦးဆောင်မှုအောက်တွင် တိုက်ပွဲမ၀င်နိုင်ခြင်းတို့ကြောင့် အောင်ပွဲနဲ့ဝေးနေရခြင်းဖြစ်ပါတယ်။ တော်လှန်ရေးကာလသတ်မှတ်ချက်နှင့် တခုတည်းသော ဦးဆောင်မှုအောက်တွင် နည်းဗျူဟာမျိုးစုံ၊ အသုံးပြု တိုက်ပွဲဆင်နိုင်မှသာ ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ " ဒီမိုကရေစီရှိမှသာလျှင် တန်းတူရေးနှင့်သာတူညီမျှရေးရှိလာမည်၊ တန်းတူရေးနှင့်သာတူညီမျှရေးရှိမှသာလျှင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ "
ရှစ်လေးလုံးကာလကိုပြန်ကြည့်ပါက ဘာကြောင့်ပြည်သူတရပ်လုံး တခဲနက်ပါဝင်လာပြီး အောင်ပွဲခံနိုင်ခဲ့ပါသလဲ၊ နိုင်ငံရေးဆရာ့ ဆရာကြီးများက အမျိုးမျိုးပြော နေကြသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ ကျောင်းသားများ၏ ဦးဆောင်မှုတခုတည်းအောက်တွင် တိုက်ပွဲဝင်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့် နယ်ဘက်ဒေသများတွင် ပိုပြီးထင်ရှားပါသည်။ ရန်ကုန်က ကျောင်းသားသမဂ္ဂရဲ့ ကြေညာချက်အရ ဘယ်နေ့ဘယ်ရက်မှာ ပြည်လုံးကျွတ်ဆန္ဒပြကြမည်ဆိုသည့် တဆင့်စကား လက်ဆင့်ကမ်း တိုက်ပွဲခေါ်သံများဖြင့် လူထု တရပ်လုံး လမ်းမများပေါ်မှာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ နယ်တွင် ဦးဆောင်နေသော ကျနော်တို့ကိုယ်တိုင် ထိုကြေညာချက်များကို မရရှိခဲ့စေကာမူ -စိတ်ထဲတွင် တကယ်ယုံကြည် စွဲမြဲနေသည့် ဦးဆောင်မှု တိုက်ပွဲခေါ်သံများပင်ဖြစ်ခဲ့ပါတယ်။အဲဒီ့အချိန်က ရန်ကုန်ရှိ ဘယ်ကျောင်းသားသမဂ္ဂက (ဗကသ၊ မကသ၊ ရကသ၊ စသ ဖြင့်) ဦးဆောင်နေတယ်ဆိုတာလဲ ကျနော်တို့မသိခဲ့။ သိဖို့လိုသည်ဟုလည်း မထင်မိခဲ့ပေ။ ကိုယ့်မြို့နယ်တွင်းရှိ ကောလိပ်ကျောင်းသားများကို ဗဟိုထားပြီး အခြားသောသမဂ္ဂများနှင့်ညှိနှိုင်းဆောင်ရွက်ရင်း လုံးဝညီညွတ်မှုအပြည့်ရှိခဲ့ကြသော ကာလများပင်ဖြစ်ပါတယ်။ သပိတ် တပ်သားအချင်းချင်းလည်း ယုံကြည်မှုအပြည့် ကိုယ်စီရှိခဲ့ကြပါတယ်။ တိုက်ပွဲလမ်းကြောင်း ကြွေးကြော်သံများနှင့်အညီ တပါတီအာဏာရှင် ဦးနေ၀င်းနဲ့ မဆလပါတီကို တကယ်ပင်ဖြုတ်ချ နိုင်ခဲ့ပါတယ်။
"ခါးသည်းတဲ့အတွေ့ အကြုံအရ အတုမရှိ ခေါင်းဆောင်ကြီးဝါဒကို ပယ်ရှားပြီး၊ ပါတီတွင်း ဒီမိုကရေစီကို အပြည်အ၀လိုက်နာကျင့်သုံးမယ်" ဆိုပြီး၊ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲဝင်မည့်လူတစု၏ ခေါင်းဆောင်တယောက်(-------) က အန်အယ်လ်ဒီပါတီမှနုတ်ထွက်စဉ် က ကြုံးဝါးခဲ့ပါတယ်။ ဒါဟာ မှားယွင်းလွဲချော်နေတဲ့ ကိုယ်ကျိုးရှာဝါဒ တခုသာဖြစ်ပါတယ်။ တိုက်ပွဲကာလမှာ ဗဟိုဦးစီးစနစ်နဲ့ တိကျတဲ့ခေါင်းဆောင်ဆိုတာ ရှိကိုရှိရပါမယ်။
တိကျတဲ့တိုက်ပွဲ မဟာဗျူဟာနဲ့ တိကျတဲ့တိုက်ပွဲခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးတရပ်ဟာ စက်ခေါင်းတွဲနဲ့ စက်ခေါင်းမောင်းသူမပါတဲ့ မီးရထားတစင်းလိုပါပဲ။ အရှေ့သို့ရွေ့လျား တိုးတက်မှု အလျင်းမရှိ -အောင်ပွဲနဲ့အလှမ်းဝေးနေကြရဦးမှာ မလွဲပေ။
ဒီမိုကရေစီတိုက်ပွဲတလျှောက် အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြကုန်သော သူရဲကောင်းအပေါင်းလည်း မနည်းတော့ပြီ။ ဆိုးရွားရက်စက်လှသော အကျဉ်းထောင်များအတွင်း တခါမှမကြားဘူးသော နှစ်ရှည်ထောင်ကျခံ ပေးဆပ်နေသူများလည်း မျက်ဝါးထင်ထင်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်နေကြသူတွေလည်းရှိ။ ၉၀ ရွေးကောက်ပွဲ လူထုသဘောထားအရ ပါတီမှတ်ပုံမတင၊် ရွေးကောက်ပွဲမ၀င်ဘဲ၊ တောင့်ခံ သပိတ်တိုက်ပွဲဝင်တဲ့ ပါတီက၀င်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ့်လမ်းဖောက်နေကြ။ ခေါင်းပေါင်းတပြင်ပြင်နဲ့တိုင်းပြည်ရဲ့အဆီအနှစ်တွေကို ထိုင်ဝါးမယ့်သူတွေကလည်းအဆင်သင့်။ လက်နက်အသင့် ကိုယ့်နယ်မြေနဲ့ကိုယ် စီးပွားရှာ ဆက်ကြေးကောက်စားမယ့်အုပ်စုတွေကလည်း ကိုယ့်အကြံအစည်နဲ့ကိုယ်။ ဒီကနေ့ ဒီလိုအခြေအနေတွေဟာ ဗိုလ်သန်းရွှေတို့ အကြိုက် စစ်အာဏာရှင်သက်ဆိုး ရှည်စေမည့် သူတဗိုလ် ငါတမင်း-ကသောင်းကနင်း အခြေအနေတွေပါပဲ။ ဒီအခြေအနေတွေအောက်မှာတော့ ကျနော်တို့ ခင်ဗျားတို့တိုင်းပြည် နလံထူဖို့ တယ်မလွယ်လှပါဘူး။
ဒီလိုကသောင်းကနင်းဖြစ်နေရတာဟာ တိကျတဲ့ခေါင်းဆောင်မှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုတိုက်ရိုက်ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုလုံးကို ခေါင်းဆောင်ဖို့ အသင့်တော်ဆုံးအချိန် အခါပါပဲ။ သူမရဲ့ အရည်အချင်း နှလုံးရည်ပြည့်ဝမှုတွေကို အသာထားပြီး အောက်ပါအချက်(၃)ချက်နဲ့ပင် ခိုင်လုံနေပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏အသည်းနှလုံးဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ယုံကြည်လေးစားခံရသူဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက အလွန်ကြောက်ကြသည်။
ဒါပေမယ့်လည်း အချို့ သောဒီမိုကရေစီခေါင်းဆောင်များနှင့် တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အမှန်စင်စစ် လက်တွေ့အားဖြင့် မခံယူလိုကြပေ။ သဘောတရားအရ မငြင်းဆန်ကြခြင်းသာဖြစ်သည်။
ထိုအချက်သည်ကား ဒီမိုကရေစီတိုက်ပွဲ၏ အဓိကသော့ချက်ပင်ဖြစ်တော့သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား မွေးဖွားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သည်။ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ၊(မောင်မောင်စိုး)
၁-၂၆၀-၄၂၆ ၄၁၂၁
ဂျူလိုင်လ(၄)ရက်၊၂၀၁၀။အပိုင်း(၃)ဆက်လက်ဖော်ပြပါမည်။(ဟစ်တိုင်)

၁၉၄၀၊ဇွန်လ(၁)ရက်နေ့ -ဟင်္သာတ စီရင်စု ဇလွန်မြို့ ဒို့ ဗမာအစည်းအရုံးညီလာခံ အပြီး ညပိုင်းတရားပွဲတွင် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)တို့ဟောပြောကြလေသည် ။ ထိုအခိုက် ပုလိပ်အရာရှိတဦးရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင် ပေးလေသည်။ ထိုစာမှာ သခင်အောင်ဆန်းအား ချင်းတောင်နယ်အကြောင်း ထည့် မဟောပြောရန် -ဗြိတိသျှအစိုးရမှ တားမြစ်သည့်အမိန့်စာဖြစ်သည်။ ဒါပေသိ သခင်အောင်ဆန်းကတော့ ထိုတားမြစ်မိန့်အား စိုးစဉ်းမျှဂရုမစိုက်ဘဲ ဗြိတိသျှအစိုးရက ဒို့ဗမာအစည်းအရုံးဝင် ချင်းခေါင်းဆောင် သခင်ဝမ်းသူမောင်အား ကိုယ်မှာကြိုးကွင်းစွပ် ဖမ်းခေါ်လာပြီး မြေပြင်မှာ မြင်းနဲ့ဒရွတ်တိုက်ဆွဲ လက်တွေ့ ရက်ရက်စက်စက် နှိပ်စက်ကာ ချင်းအမျိုးသားတွေအနေနဲ့ နောက်နောင် ဗြိတိသျှအစိုးရကို လုံးဝမဆန့်ကျင်ရဲအောင်လုပ်ပြခဲ့သည့်အကြောင်း ဟောပြောခဲ့ပါတယ်။
(ဒီသမိုင်းကို ကျနော်ခြုံငုံကြည်တဲ့အခါမတော့ လူမျိုးစုတခုတည်းအတွက် ရည်ရွယ်ရင်း မရှိဘဲ ၊ တမျိုးသားလုံး တနိုင်ငံလုံးလွတ်လပ်ရေးအတွက် သခင်မျိုးဟေ့-ဒို့ဗမာ ကြွေးကြော်သံနဲ့ အတူ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့-ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် ကို အထူးကြည်ညိုလေးစားမိ၊ဂုဏ်ယူမိပါတယ်။ ဒီခေတ်ဒီကာလ လူမျိုးစုခေါင်းဆောင်အချို့ုနှင့် ခံယူချက်ကွာဟမှုတွေကို တွေ့ရှိရပါတယ်။)
ဒါကြောင့် အစိုးရကိုအကြည်အညိုပျက်အောင်ဟောပြောမှု ပုဒ်မ၁၂၄(က)တပ်ကာ သခင်အောင်ဆန်းကို ဖမ်းဝရန်းထုတ်ပါတယ်။ ဒီအဖြစ်အပျက်က လွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့အပြောင်းအလဲဖြစ်ပါတယ်။ အဲဒီ့ ၀ရန်းကြောင့်ပင် သခင်အောင်ဆန်းသည် အဖမ်း မခ၊ံ ထောင်အကျမခံဘဲ၊ သခင်လှမြိုင်နှင့်အတူ ဟိုင်လီသင်္ဘော ပေါ်တက်၊ တရုပ်ပြည်ကို ထွက်၊ ဂျပန်နဲ့ဆက် -နိုင်ငံခြားအကူအညီ ရယူပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲ နိုင်ခဲ့ပေသည်။ ထိုအလှည့်အပြောင်းမှတဆင့် လွတ်လပ်ရေးရသည့်အထိ တော်လှန်ရေး အရှိန် အဟုန်မြှင့်တင်နိုင်ခဲ့ပေသည်။


ရသလောက် နေရာဝင်ယူပြီး လွှတ်တော်ထဲမှာ (စည်းဝိုင်းထဲကနေ) ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားကြမယ်လို့ ကြွေးကြော်နေကြသော်လည်း၊ တကယ်တန်းကျတော့ တိုင်းပြည်အတွက် တကယ်စေတနာပါသည်ဖြစ်စေ -မပါသည်ဖြစ်စေ စစ်အုပ်စု၏ လက်ညိုးထောင်+ခေါင်းညှိမ့် လက်ပါးစေအဆင့် သာ ရရှိကြမှာ သေချာလှပါတယ်။ လွှတ်တော်သုံးရပ်လုံးတွင် မိမိတို့ရရှိမည့် နေရာများမှာ အနည်းစုဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘာဘဲဆုံးဖြတ်ဆုံးဖြတ်ပါစေ စစ်အာဏာရှင်တို့၏ အမိန့်အတိုင်းပင်၊ ပြည်သူလူထုကတော့ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်ပေ။ ဒီမိုကရေစီတိုက်ပွဲဝင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များကတော့ မိမိတို့ကိုယ်ပိုင် ရပိုင်ခွင့်များကို အပြည့်အ၀ သုံးကာ ဘီလျံနာသူဌေးကြီးများ ဖြစ်လာကြပေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။နအဖစစ်အုပ်စုကတော့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို သူ့ကိုယ်တိုင် ချိုးဖောက်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရွေးကောက်ပွဲ မစခင်ကတည်းက ထင်တိုင်းပြု နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ စစ်ဗိုလ်ချုပ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာလည်း အတိုက်အခံ အင်အားစုအားလုံး မမေ့လျော့သင့်ပေ။ကြုံကြိုက်ခိုက်တွင် ၁၈၈၆ ခုကာလများ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရိုင်း လို မထင်မရှား သူရဲကောင်းတဦးကို ဗြိတိသျှလူမျိုး ဖီးလ်ဒင်ဟော(Fielding Hall) ကိုယ်တိုင် ချီးကျူး ရေးသားဂုဏ်ပြုထားတဲ့ အကြောင်း ပြောပြလိုပါတယ်။ မန္တလေးမြို့ အထက် ဧရာဝတီ မြစ် အနောက်ဖက်ကမ်းတွင် ရှိန်မကား ခေါ်မြို့ကလေးတမြို့ရှိလေရာ၊ထိုမြို့လေးမှာ ဆားချက် လုပ်ငန်းနှင့် ဆိပ်ကမ်းကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သဖြင့် ချမ်းသာကြွယ်ဝသောဆိပ်ကမ်းမြို့ကလေးဖြစ်ပါတယ်။ မြို့နောက်ပိုင်းဒေသတလျှောက်မှာတော့ ဗိုလ်ရိုင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတစု စခန်းချစိုးမိုးထားပါတယ်။ ဗိုလ်ရိုင်း အတွက် တပ်အင်အားအလိုရှိလာသော် ထိုနယ်တ၀ိုက်ရွာများမှ တော်လှန်ရေးသမား တပ်အင်အား နှစ်ရာ သုံးရာ ချက်ချင်းစုရုံးလာကြပါတယ်။ ထိုအချိန် ရှိန်မကားမြို့တွင် ဗြိသျှစစ်တပ် လာစွဲနေသောအခါ၊ လူအင်အား လက်နက်အင်အား မမျှသဖြင့် ရင်ဆိုင်တိုက်ပွဲများတွင် သူ့တော်လှန်ရေး ရဲဘော်များ အကျအဆုံး မများစေရန် ဗိုလ်ရိုင်း၏ တိုက်ပွဲဗျူဟာကို ပြောင်းလဲ ပစ်လိုက်ပေသည်။ ထို့ကြောင့် မြန်မာပြည်ဘွား တိုင်းရင်းသားမှန်သမျှ ရန်သူ့လက် အောက်တွင်အမှုမထမ်းရ၊ ရန်သူအား ရိကွုာမထောက်ပံ့ရ၊ ရန်သူအား လမ်းမပြရ၊ ရန်သူအား မည်သည့်အားပေးကူညီမှုမျှ မပြုရ ...ဟုကျေညာအမိန့် ထုတ်ပြန်လေသည်။ ထို့နောက် ဗြိသျှစစ်တပ်အား မြို့သူမြို့သားများမှ မည်သည့်နည်းနှင့်မျှ မကူညီ မထောက်ပံ့နိုင်ရန်အတွက် မြို့သူမြို့သားများအား မြို့မှ အခိုက်အတန့်အားဖြင့် ရှောင်ပေးရန် အထူးသတိပေးလိုက်သည်။ သို့သော် ထိုမြို့သူမြို့သားများ၏ စိတ်ဓာတ်မှာ ကိုယ့်အကျိုး စီးပွားတခုတည်းသာ ကြည့်တတ်သောသူများဖြစ်ကြသည်။ မိမိတို့စည်းစိမ်ဥစွုာများ တည်မြဲရေး နှင့်ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေးကိုသာ အဓိကထားကြလေသည်။ ဗိုလ်ရိုင်းတို့ တော်လှန်ရေးတပ်သည် ဗြိတိသျှစစ်တပ်ကို နိုင်အောင် မတိုက်နိုင်ကြဟု ယူဆကာ ရန်သူ ဗြိတိသျှတပ်နှင့်ပူးပေါင်းကြသည်။ ဗြိတိသျှတပ်ရှိနေသောကြောင့် ဗိုလ်ရိုင်းတို့အား ငွေကြေး စားနပ်ရိကွုာများထောက်ပံ့စရာ မလိုသောကြောင့် ဗိုလ်ရိုင်း၏သြဇာကိုမခံဘဲ မြို့မှမရှောင်ပေးကြဘဲနေလေသည်။ ထိုအကြောင်းအချက်ကိုသိနေသော ဗိုလ်ရိုင်းက မြို့သူမြို့သားများ မထွက်သွားပါက တမြို့လုံးကို မီးတိုက်ပစ်မည်ဟု ထပ်မံအကြောင်ကြားလိုက်လေသည်။ ဘာပြောပြော မြို့သူမြို့သားများကတော့ ဗိုလ်ရိုင်း၏တပ်သည် ဗြိတိသျှတပ်များကိုကျော်လွန်ပြီး မြို့တွင်းသို့ မ၀င်ရောက်နိုင်ပါဘူးဟု အထင်သေးကာ အရေးမစိုက်ခဲ့ကြပေ။
ညသန်းခေါင်ယံကျော်အချိန်တွင် ဗြိတိသျှတပ် ဂေါ်ရခါးစစ်သားများစခန်းချရာ တောင်ကုန်းအား အတင်းဝင်ရောက်တိုက်ခိုက်လေရာ ညာသံပေး တခဲနက်ဟစ်ကြွေးပြီး ကြေး မောင်းများတီးကာ ဗြိတိသျှတပ်များ ယောက်ယက်ခတ်နေချိန်တွင် မြို့တခါးနောက်ပေါက်မှ ၀င်ကာ တမြို့လုံး မီးရှို့ လိုက်လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ ဗိုလ်ရိုင်း၏ တိကျပြတ်သားသည့်တော်လှန်ရေးစိတ်ဓာတ်ကို (The Soul of a people) စာအုပ်တွင် ရန်သူဗြိသျှကိုယ်တိုင် ချီးကျူးမှတ်တမ်းတင်ထားခဲ့ပေသည်။
ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲ တလျောက် တွင် ထိုကဲ့သိုအခွင့်အရေးသမား =သူ့လူ ကိုယ့်ဘက်သား အချောင်သမားများ အစဉ်အဆက် ရှိလာခဲ့ကြပေရာ ဗိုလ်ရိုင်းကဲ့သို့ပင် ပြတ်ပြတ်သားသား အပြစ်ပေး အရေးယူမှုများ ပြုလုပ်ပါမှ တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး..... အဆုံးသတ်တိုက်ပွဲကို အနိုင်တိုက်နိုင်မှာဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်တော်လှန်ခဲ့ပေရာ . . ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)မျိုးဆက်ကျောင်သားများသည် အာဏာရှင်ကို ဒူးမထောက်စတမ်း ပြတ်သားစွာ စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်လျှက်ရှိပေသည်။ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။(မောင်မောင်စိုး)
----------------------------


၂၊ အတိုက်အခံအင်အားစုများက လက်ရှိ အာဏာရ စစ်အုပ်စုအပေါ် အသာစီးရနေပါမှ...၊
၃၊ အာဏာရစစ်အုပ်စုကို အထိနာစေမယ့် ခြိမ်းခြောက်မှုတွေနဲ့ အပေးအယူလုပ်နိုင်စရာရှိပါမှ....၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နည်းဟာ အထမြောက်လာမှာဖြစ်ပါတယ်။နံပါတ်တစ်ကတော့ လူတိုင်းသိပြီးသားပါပဲ၊ တိုင်းသူပြည်သားတွေကို စေတနာထားပြီး တိုင်းပြည်ကောင်းကျိုးကို ထည့်တွက်ဖို့ ဝေးရော..။ သူတို့စစ်အာဏာရှင်တွေကို ပုခုံးထမ်း တင်ပေးနေတဲ့ တပ်မတော်သားတွေကိုတောင်မှ ငတ်ငတ်သေသေ လှည့်မကြည့်ပါ။
နံပါတ်နှစ် =ကျနော်တို့ အတိုက်အခံအင်အားစုများကလည်း အသာစီးရနေခြင်းမရှိသေးပါ၊
ဒီကနေ့ အဓိက ဆွေးနွေးချင်တာကတော့ နံပါတ်သုံးအချက်ပဲဖြစ်ပါတယ်။ အာဏာရှင်တွေဟာ သူတို့အာဏာကို သူတို့ဆနွုအလျှောက် အလျှော့ပေးပြီး အတိုက်အခံအင်အားစုများနဲ့ တွေဆုံဆွေးနွေးပြီး ညင်ညင်သာသာနဲ့လူထုရဲ့အကျိုးကို ရှေ့ရှုပြီး အဆုံးသတ်လေ့မရှိကြပါဘူး။


၁၀နှစ်အကြာ ပြည်သူအများစု၏ မဲဖြင့် ၁၉၉၀ မတ်လ(၁၁)ရက်နေ့ မှာ သမတအဖြစ်မှ ဖယ်ရှားခံရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး၊ အလွဲသုံးစားမှု၊ အခွန်တော်ရှောင်လွှဲမှု စသဖြင့်ရာဇဝတ်မှုပေါင်း (၃၀၀)ကျော်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ အင်္ဂလန်တွင် ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ပီနိုချေးတ် ဟာ ၂၀၀၆ ဒီဇင်ဘာလ(၁၀)ရက်နေ့ သေဆုံးချိန်အထိ ထိုအမှုများကို ရင်ဆိုင်နေခဲ့ရပါတယ်။ဒီနေရာမှာ တခုသတိထားမိတာက ဗိုလ်ချုပ်ကြီးပီနိုချေးတ် စစ်အာဏာသိမ်းတဲ့အချိန်မှာ အာဏာရ ချီလီဆိုရှယ်လစ်ပါတီ လက်ဝဲဝါဒီများကို အာဏာသိမ်းတာဖြစ်လို့ အမေရိကန် အစိုးရက အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီနိုချေးတ် အာဏာရှင်ဖြစ်လာပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိလာတော့ အမေရိကန်အစိုးရ အမြင်မှန်ရကာ ထောက်ခံမှု မပေးတော့ပါဘူး။ ထို့အတူပဲ အိန္ဒိယနဲ့ တရုပ်နိုင်ငံအနေနဲ့လဲ ရာဇဝတ်မှုတွေကို နေ့တဓူဝ ကျူးလွန်နေပြီး လူ့အခွင့်အရေးတွေကို ထမင်းစား ရေသောက်သလို ချိုးဖောက်နေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုကို ထောက်ခံကူညီမှုတွေရပ်ဆိုင်းသင့်ပါပြီ။အမြင်မှန်ရသင့်ပါပြီ။


အဲဒီ့ရာဇဝတ်ကောင်များကိုလည်း လက်ရှိစစ်အစိုးရမှ တရားသေ လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်မရှိပါဘူး=(ICC; Article27 <2002>)။ဒါကြောင့် စစ်အုပ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ လူသားတို့အပေါ် ရာဇဝတ်မှုများကျူးလွန်မှုများကို ဖော်ထုတ်တရားစွဲဆိုရေး ဆောင်ရွက်ချက်များမှာ အလွန်တရာ ထိရောက်သော ထိုးနှက်ချက် ဖြစ်ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်မှု =ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မှုများကို ရပ်တန့်မနေဘဲ ဆက်လက်ဖော်ထုတ်အရေးယူသွားဖို့ လိုအပ်ပါတယ်။ သို့ပါမှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို နိုင်ငံတကာတရားဥပဒေနဲ့အညီ နိုင်ငံတကာ တရားဥပဒေဘက်တော်သားများမှ ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။စစ်အုပ်စုဟာ အမျိုးသမီးများအပေါ်မှာသာ ရာဇဝတ်မှုတွေနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာမဟုတ်ပါဘူး၊ အမျိုးသားများ ခလေးသူငယ်များ သက်ကြီးရွယ်အိုများပါမကျန် လူမျိုး ဘာသာမရွေး စစ်အုပ်ချုပ်ရေးလက်အောက်က မြန်မာပြည်သူလူထုရပ်လုံး ပြားပြားမှောက်ကာ နေ့ စဉ်နဲ့ အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရပါတယ်။ ဒါကို အခြားသောပြည်ပအဖွဲ့အစည်းများအနေနဲ့လည်း ကျြိုးစားဖော်ထုတ်ကာ စစ်အုပ်စုကို ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။NLD အနေနဲ့ နအဖ စစ်အုပ်စုကို ပထမအကြိမ်တရားစွဲဆိုမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ သို့ပေမယ့် NLD အနေနဲ့ စစ်အုပ်စုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု (Legal Process)များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ က NLD က နအဖစစ်အုပ်စုအား အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ အရ ဆက်လက်တရားစွဲသွားမှာဖြစ်ကြောင်း အကြောင်းကြားစာကို ပေးပို့လိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီ့အပြင် ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးကလည်း ဥပဒေပုဒ်မ ၄၂ အရ စစ်အုပ်စုကို တရားစွဲဆိုထားခဲ့ပါတယ်။ကိုယ်တိုင်ရေးဆွဲထားတဲ့ဥပဒေကို၎င်း၊ နိုင်ငံတကာဥပဒေတွေကိုသော်၎င်း- နအဖ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပါတယ်။ ဒါ့ကြောင့် ဥပဒေကြောင်းအရ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဟာ ဒီကနေ့နိုင်ငံရေးလှည့်အပြောင်းတခုကို ဗြောင်လိမ်ဗြောင်စား တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာမှအသိအမှတ်ပြုရေးကို ကျြိုးစားနေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုကို တရားစွဲဆိုရေး လုပ်ငန်းစဉ်များဟာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ ထိုးစစ်ဗျူဟာတရပ်ဖြစ်ပါတယ်။ NLD အနေနဲ့ ရှေ့ဆက်ပြီး ILOနဲ့  ပူးပေါင်းကာ အလုပ်သမားများအခွင့်အရေးရာများနဲ့ ကလေးစစ်သားများ စုဆောင်းမှု၊ အတင်းအကြပ်ကိုင် လုပ်အားပေးခိုင်းစေမှုများကိုပါ ဖော်ထုတ်တရားစွဲသွားမှာဖြစ်ကြောင်း ......ဦးတင်ဦးက ထုတ်ဖော်ပြောကြားရင်း ထပ်မံစိန်ခေါ်လိုက်ပါတယ်။စစ်အာဏာရှင် နိဂုံးချုပ်ရေးနဲ့ဒီမိုကရေစီရေး လိုလားသူ အဖွဲ့အစည်အားလုံးနဲ့ ပြည်သူတရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက အလွန်တရာ ထိရောက်ပြီး အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ထိုသို့ တရားစွဲဆိုရေး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဖြင့် စစ်အုပ်စုကို အကြပ်ရိုက်စေပြီ့း အပေးအယူများရှိလာကာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းဆီ အမြန်တွန်းပို့နိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာ ကြားကောင်းအောင်- စတိတ်မန့်ထုတ်နေရုံနဲ့တော့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးတွင် ဗိုလ်နေဝင်းနဲ့စစ်အာဏာရှင်တို့ကို ထိပ်တိုက်ရင်ဆိုင် အောင်ပွဲခံခဲ့ဖူးသော လူထုတိုက်ပွဲနှင့် ရှစ်လေးလုံးစိတ်ဓာတ် -သို့တည်းမဟုတ် -ခွပ်ဒေါင်းစိတ်ဓာတ်ကို ပြန်လည် နှလုံးသွင်းကာ ပေါင်းစည်းညီညာသော လူထုတိုက်ပွဲကို ဆင်နွှဲအောင်ပွဲခံကြပါစို့။ ။ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
(မောင်မောင်စိုး)၁-၂၆၀-၄၂၆ ၄၁၂၁
Tuesday, November 1, 2011
ညီအကိုတို့ 
Saturday, October 22, 2011
ABSDF တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၁ အောက် ၂၀၁၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
(ကျောင်းသားတပ်မတော်)
သတင်းထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ ၄၀ မိနစ် တွင် ကွီးတာဥစခန်း ရန်သူ ခမရ ၂၀၅ အား မိမိ နှင့် DKBA ပူးပေါင်းအဖွဲ့ က တိုက်ခိုက်ရာ ရန်သူ အရာရှိ ၁ ဦး နှင့် တပ်သား ၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
၎င်းနေ့ ညနေ ၅ နာရီ အချိန်တွင် တောင်နီစခန်းထိုင် ရန်သူ ခမရ ၂၀၃ စစ်ကြောင်း ၁ မှ ဗိုလ်ကြီး ဝင်းသူ နှင့် အခြားအဆင့် ၁ ဦး သည် မိမိ ကျောင်းသားတပ်မတော် မှ ထောင်ထားသော နင်းမိုင်းကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၂၁ ရက်နေ့၊ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ် တွင် ဝါးမီထတောင်ခြေတွင် မိမိ နှင့် DKBA ပူးပေါင်းအဖွဲ့က ရန်သူအား ပြောက်ကျားပစ်ခတ်ခဲ့သည်။ ရန်သူ မည်သည့်အဖွဲ့ ဖြစ်ကြောင်း နှင့် ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု သတင်း စုံစမ်းဆဲဖြစ်သည်။
ယနေ့ ညနေ ၇ နာ၇ီ ၁၅ မိနစ် တွင် အထက်ပါတိုက်ပွဲများတွင် ဒဏ်ရာရရှိသော ရန်သူများအား ပြန်လည်ပို့ဆောင်သော လူနာပို့အဖွဲ့အား မိမိတို့ ပူးပေါင်းအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး လူနာကြိုအဖွဲ့ အင်အား ၁၀၀ ခန့် အား လက်နက်ငယ်များဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု စုံစမ်းဆဲဖြစ်သည်။
Quote of the day
ဒေါ်အောင်ဆန်းစုကြည်
(ကမာဝက် ၁၆-၁၂-၈၈)
သွားလည်ဖြစ်သော .. .....
-
ထင်းခုတ်စားကြတယ် - ထင်းခုတ်စားကြတယ် November 6, 2011 at 9:13am ထင်းခုတ်စားကြတယ်.. ဂေါ်ကီပြောသလို (ဂေါ်ကီ ရေးတဲ့ အမေဝတ္ထုထဲမှာလို့ ထင်တာပဲ) ထောင်ဆိုတာ အစိုးရက စေတနာ ဗလပွနဲ့ ဆေ...6 years ago
-
အလွမ်းသည် - အလွမ်းတွေ ထောင်းထောင်းထ ရွက်ဖောင်းလှေလို စိတ်ကူးတွေက ဦးတည်ရာမဲ့ ပြေးချသွားတယ်၊ ပုစဉ်းရင်ကွဲတကောင်လို ဒီသီချင်း တပုဒ်ထဲ ဆိုပြီးရင်းကို ထပ်ပြီးဆို။ ငါချစ်တာ သ...6 years ago
-
ဆစ်ဒနီက အထက်တန်းကျောင်း အားကစားသမားလေးနှစ်ဦး - ဆစ်ဒနီက Homebush Boys High School မှာ ဗမာကလေးဆိုလို့ သူတို့နှစ်မှာ သူတို့ နှစ်ယောက်ပဲ ရှိပါတယ်။ ဒီကလေးနှစ်ယောယက်စလုံးက အားကစားသမားတွေ ဖြစ်ပြီး ဆယ်တန်းနှစ်...8 years ago
-
အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။ - စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar's NLD Eyes Former General for President ) ...10 years ago
-
၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည်နေ့အတွက် ဒေါက်တာမြင့်ချို ပြောခဲ့သော မိန့်ခွန်း - အခမ်းအနားတခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းတခုဟာ အခမ်းအခမ်းပြီးသွားတာနဲ့ ပြောခဲ့တဲ့အချက်အလက်တွေက အခမ်းအနားတက်တဲ့ သူတွေနဲ့အတူ ကျန်ခဲ့ချင်မှ ကျန်ခဲ့မယ်။ အမျာြး...12 years ago