ဟုတ်လား
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း၅၀ စွန်းခဲ့ပကော။
ဟုတ်လို့လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက်ရှာဖွေ။
မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖြန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေးနီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန်တေး ဆိုကြလိမ့်မယ်။
ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။
အေး ...ဟုတ်တယ်
ဓားဓားချင်း လှံလှံချင်းပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။
မောင်လွမ်းဏီ
၃၁-၇-၂၀၁၂
http://drlunswe.blogspot.com.au
ဦးရဲထွဋ် စာအုပ်ဖတ်ဖြစ်တယ်။ ကျနော် Case study တခု ရေးချင်မိတယ်။
-
အောင်သူငြိမ်း
*(ဦး) ရဲထွဋ်၊ [(ဦး) သက်ဆွေ မြန်မာပြန်]။ (၂၀၂၀ ဩဂုတ်လ)။ မြန်မာ့နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများနှင့် လက်လွတ် ဆုံးရှုံးခဲ့ရသော အခွင့်အလမ်း ...
1 year ago
No comments:
Post a Comment